Celebrity

ဖိနပ်ရောင်းရတဲ့ ငွေတွေထဲက အကျိုးမြတ်တစ်ချို့ကို လှူဒါန်းခဲ့တဲ့ စည်သူ(ပလပ်ကျွတ်)

ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ စည်သူ (ပလပ်ကျွတ်)ကတော့ လက်ရှိမှာ သူ့ရဲ့စားဝတ်နေရေးအတွက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးတစ်ခုကိုလုပ်ကိုင်နေတာ ပရိသတ်တွေ သိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။ စည်သူ(ပလပ်ကျွတ်)ကတော့ ဖိနပ်ရောင်းချတဲ့ လုပ်ငန်းလေးကို လုပ်ကိုင်နေခဲ့တာပါ။

စည်သူ(ပလပ်ကျွတ်)က အမြဲတမ်းလိုလို သူ့ရဲ့စီးပွားရေးအလုပ်ကနေ ရရှိတဲ့ အကျိုးအမြတ်တွေကိုလည်း ပြန်လည်းလိုအပ်နေတဲ့သူတွေအတွက် တတ်နိုင်သလောက်ပြန်လည်လှူဒါန်းပေးနေခဲ့ပါသေးတယ်။ များသောအားဖြင့်တော့ စည်သူ(ပလပ်ကျွတ်)က လမ်းဘေး ခွေးလေးတွေအတွက် အစာတွေ လှူဒါန်းပေးလေ့ရှိပါတယ်။ဒီနေ့မှာလည်း စည်သူ(ပလပ်ကျွတ်)က အမြတ်ငွေတွေထဲကနေပြီးတော့ ဆွမ်းခံကြွတဲ့ ဆရာလေးတွေကို ဆွမ်းလောင်းလှူခဲ့ပါတယ်။

စည်သူ(ပလပ်ကျွတ်)က အခုလို ရောင်းရတဲ့ အမြတ်ငွေတွေကို လှူဒါန်းတာကတော့ ဖိနပ်အားပေးတဲ့ မိတ်ဆွေတွေအတွက်အလကားမဖြစ်ရအောင် ကုသိုလ်ရအောင် ပြန်လှုပေးတာပါတဲ့။ CeleZone ပရိသတ်ကြီးရေ စည်သူ(ပလပ်ကျွတ်)ရဲ့ ထမင်းရှင်တွေအပေါ်ထားရှိတဲ့ စိတ်လေးကတော့ လေးစားဖွယ်ပါပဲ။

Source – Sithu Pluck Kyut

Credit

-Zawgyi Font ဖြင့် ဖတ်ရန်-

ဖိနပ္ေရာင္းရတဲ့ ေငြေတြထဲက အက်ိဳးျမတ္တစ္ခ်ို႕ကို လွဴဒါန္းခဲ့တဲ့ စည္သူ(ပလပ္က်ြတ္)

ပရိသတ္ၾကီးေရ ရုပ္ရွင္နဲ႕ ဗီဒီယိုသရုပ္ေဆာင္ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္တဲ့ စည္သူ (ပလပ္က်ြတ္)ကေတာ့ လက္ရွိမွာ သူ႕ရဲ႕စားဝတ္ေနေရးအတြက္ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေလးတစ္ခုကိုလုပ္ကိုင္ေနတာ ပရိသတ္ေတြ သိရွိျပီးသားျဖစ္မယ္ထင္ပါတယ္။ စည္သူ(ပလပ္က်ြတ္)ကေတာ့ ဖိနပ္ေရာင္းခ်တဲ့ လုပ္ငန္းေလးကို လုပ္ကုိင္ေနခဲ့တာပါ။

စည္သူ(ပလပ္က်ြတ္)က အျမဲတမ္းလိုလို သူ႕ရဲ႕စီးပြားေရးအလုပ္ကေန ရရွိတဲ့ အက်ိဳးအျမတ္ေတြကိုလည္း ျပန္လည္းလိုအပ္ေနတဲ့သူေတြအတြက္ တတ္နိုင္သေလာက္ျပန္လည္လွဴဒါန္းေပးေနခဲ့ပါေသးတယ္။ မ်ားေသာအားျဖင့္ေတာ့ စည္သူ(ပလပ္က်ြတ္)က လမ္းေဘး ေခြးေလးေတြအတြက္ အစာေတြ လွဴဒါန္းေပးေလ့ရွိပါတယ္။ဒီေန႔မွာလည္း စည္သူ(ပလပ္က်ြတ္)က အျမတ္ေငြေတြထဲကေနျပီးေတာ့ ဆြမ္းခံၾကြတဲ့ ဆရာေလးေတြကို ဆြမ္းေလာင္းလွဴခဲ့ပါတယ္။

စည္သူ(ပလပ္က်ြတ္)က အခုလို ေရာင္းရတဲ့ အျမတ္ေငြေတြကို လွဴဒါန္းတာကေတာ့ ဖိနပ္အားေပးတဲ့ မိတ္ေဆြေတြအတြက္အလကားမျဖစ္ရေအာင္ ကုသိုလ္ရေအာင္ ျပန္လႈေပးတာပါတဲ့။ CeleZone ပရိသတ္ၾကီးေရ စည္သူ(ပလပ္က်ြတ္)ရဲ႕ ထမင္းရွင္ေတြအေပၚထားရွိတဲ့ စိတ္ေလးကေတာ့ ေလးစားဖြယ္ပါပဲ။

Source – Sithu Pluck Kyut

Credit