Sports

အာတီတာ အသင်းကနေ အထုတ်ခံရဖို့ သေချာသွားစေတဲ့ မန်စီးတီးတို့ ဂိုးပြတ်နိုင်ပွဲ..

အာတီတာ အသင်းကနေ အထုတ်ခံရဖို့ သေချာသွားစေတဲ့ မန်စီးတီးတို့ ဂိုးပြတ်နိုင်ပွဲ..

အာတီတာ ဟာ ပရီးမီးယားလိဂ် နည်းပြတွေထဲမှာ အထုတ်ခံရဖို့ ထိပ်ဆုံးက မဲအများဆုံး သက်မှတ်ပေးခံနေရတဲ့ နည်းပြဖြစ်ပါတယ်၊ ပရိတ်သတ် ကိုယ်တိုင်ကလည်း ရှေ့ပွဲစဥ်တွေတုန်းကဘည်း အာတီတာ အာဆင်နယ် အသင်း ကနေ ထွက်ပေးတောင်းဆို အော်ဟစ်ခဲ့ကြပါတယ်။

ချဲလ်ဆီးကို ၂-၀ရလဒ်ပွဲအပြီးမှာလည်း အာတီတာ ကားကို တားပြီ တိုက်ခိုက်တဲ့အထိ အသင်းက ထွက်ဖို့ကို တောင်းဆိုနေကြတာပါ၊ မန်စီးတီး နဲ့ ပွဲစဥ်လည်း ထို့နည်းလည်းကောင်းထက် ပိုဆိုးလာခဲ့တဲ့အတွက် ပရိတ်သတ် တွေတောင် ထပြန်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။တာတီတာ ထွက်တော့ အာတီတာ ထွက်တော့ ဟု ပရိတ်သတ် တွေ အော်ဟစ်နေကြပါတယ်။

မန်စီးတီး အသင်းကတော့ သာသာယာယာနဲ့ ဆော့ကစားခဲ့ပြီ ပွဲစဥ် ၈မိနစ်အတွင်းမှာ အာဆင်နယ်ကို အဖွင့်ဂိုး သွင်းယူခဲ့ကာ နောက်ထပ် ၄မိန်စ်မှာတော့ နောက်တစ်ဂိုးဆက်သွင်းပြလိုက်ပါတယ်။

ပွဲစဥ် ၃၅မိနစ်မှာတော့ အာဆင်နယ်အသင်းရဲ့ ဗဟိုကွင်းလယ် ကစားသမား ချာကာအနေနဲ့ ဖြတ်ထုတ်မှုကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က အနီကတ်ပြ ထုတ်ပယ်လိုက်ပါတယ်။

ပထမပိုင်း ပွဲပြီးချိန် ၄၂မိနစ်မှာ စီးတီးအသင်းကတော့ နောက်ထပ် တစ်ဂိုး သွင်းယူပြလိုက်ပြီ၊ အာဆင်နယ် နည်းပြကြီး အာတီတာ အသင်း မှ ထုတ်တော့ဆိုတဲ့ ဂိုးတွေနဲ့ အချက်ပေးလိုက်ပါတယ်။

ဒုတိယ ပွဲစဥ် စတင်ကစားခဲ့ရာ ပွဲချိန် ၅၃ မိနစ်မှာ
စီးတီးက နောက်ထပ် တစ်ဂိုး သွင်းယူလိုက်ပါတယ် ၊ အာတီတာ ထွက်တော့ဆိုတဲ့ အော်သံတွေလည်း ကွင်းထဲမှာ ကြားနေရပါတယ်။ ၈၄မိနစ်မှာတော့ စီးတီးဟာနောက်ထပ် ပွဲသိမ်း သွင်းဂိုးရယူခဲ့ပါတယ်။

အာဆင်နယ်အသင်း အနေနဲ့ ပရီးမီးယားလိဂ် နိုင်ပွဲမရရှိတဲ့အပြင် ရဂိုးမရှိ ပေးဂိုးတွေပဲဆက်တိုက်ရရှိခဲ့ပါတယ်၊ ပရီးမီးယားလိဂ် ပွဲစဥ် ၃အထိ ပေးဂိုး ၉ဂိုး နဲ့ အမှတ်ပေးဇယားအမှာ အပိတ်နံပါတ် အဆင့် ၂၀ထိ ကျရောက်ခဲ့ရပါတယ်၊ အာဆင်နယ် အသင်းအတွက် သမိုင်းဆိုး မှတ်တမ်းတွေက အသစ်သစ်တွေဖြစ်တဲ့ နည်းပြအာတီတာ တယောက်မကြာမီလာမည် အသင်းကထွက်ခွာသွားဖို့ ပရိတ်သတ် ကတော့ မျှော်လင့်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၃)
ပွဲပြီးရလဒ်
မန်စီးတီး 5-0 အာဆင်နယ်
(ဂန်ဒိုဂန် ၇မိနစ် ဖယ်ရန်တောရက်စ် ၁၂မိနစ် ၈၄မိနစ် ဂျေဇူး ၄၃မိနစ် ရိုဒရီ ၅၃မိနစ်)

Photo Credit To Owner
Internet Source
SportsGaber