Local News

သတင်းပေးများအား ၊ ကျပ် ၅ သိန်းမှစ၍ ချီးမြှင့်မည်ဟု စစ်ကောင်စီ ကြေညာ…

သတင်းပေးများအား ၊ ကျပ် ၅ သိန်းမှစ၍ ချီးမြှင့်မည်ဟု စစ်ကောင်စီ ကြေညာ…

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူများအား ဖမ်းဆီးနိုင်ရန်အတွက် ပေးပို့လာသည့် သတင်းများအရ ဖော်ထုတ်ရရှိမှုအပေါ်မူတည်၍

အနည်းဆုံး ငွေကျပ်ငါးသိန်းမှစ၍ အများဆုံးပမာဏကို ကန့်သတ်မထားဘဲ ထိုက်ထိုက်တန်တန် လျှို့ဝှက်စွာ ချီးမြှင့်သွား မည်ဖြစ်ကြောင်း ဩဂုတ်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

သတင်းပေးသူ များကို ဆုကြေးငွေ ချီးမြှင့်ပေးရန် စစ်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့်

ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာဗညား အောင်မိုးနဲ့ဦးရွှေကြိမ်း

တို့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ တင်ပြေတောင်းဆိုခဲ့ပြီးနောက် ခုလို ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

NUGနှင့် PDF တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပျားစေရန်နှင့် ပြည်သူထုအပေါ် အကြောက်တရားပေးပြီးမှ ၎င်းတို့အား ထောက်ခံလာစေရန် အကြမ်းဖက်မှုများနေ့စဉ် လုပ်ဆောင်နေကြောင်း လည်းကြေငြာထားသည်။

Credit