Sports

အာတီတာနဲ့ပတ်သက်လို့ အာဆင်နယ် အသင်းကို အကြံပေးပြောဆိုလိုက်တဲ့ – ဂွာဒီယိုလာ

အာတီတာနဲ့ပတ်သက်လို့ အာဆင်နယ် အသင်းကို အကြံပေးပြောဆိုလိုက်တဲ့ – ဂွာဒီယိုလာ

မန်စီးတီး နည်းပြ ဂွာဒီယိုလာကတော့ အာဆင်နယ် အသင်းနဲ့ ပွဲအပြီးမှာ ဆရာ တပည့် ဖြစ်ခဲ့ကြတဲ့ နည်းပြ အာတီတာ ဘက်ကနေ ဝေဖန်မှုတွေ မပြင်းထန်အောင် ကာကွယ် ပြောဆိုလိုက်ပါတယ်၊

အာတီတာ နည်းပြဘဝ အစမှာ ကွန်မြူနတီဒိုင်း ၊ အက်ဖ်အေဖလားတွေ အာဆင်နယ် အသင်းအတွက်ရယူနိုင်ခဲ့ပေမယ့် ၊ ဒီရာသီ အတွက် ၃ပွဲဆက် ရှုံးနိမ့်ခဲ့ ရပါတယ်။လက်ရှိ ပရီးမီးယားလိဂ်ရဲ့ နောက်ပိတ်မှာ ရောက်ရှိခဲ့ရပြီ ၊ ပေးဂိုး ၉ဂိုး ရဂိုး ၀ ဆိုတဲ့ ရလဒ်တွေ နဲ့ ကျရောက်ခဲ့ရပါတယ်၊

မန်စီးတီး နည်းပြ ဂွာဒီယိုလာကတော့ ပွဲအပြီးမှာ တပည့်ဟောင်း အာတီတာ အတွက် ကာကွယ်ပြောဆိုခဲ့တာလေးတွေ ရှိခဲ့ပါတယ် ၊

အာတီတာ ဟာ နည်းပြကောင်းတစ်ဦးပါ သူ့နက် ကျွန်တော် နှစ်ကြာအောင် အတူ အလုပ်တွေ လုပ်ခဲ့ဖူးပါတယ်၊ သူ့အနေနဲ့ အသင်းရဲ့ တည်ဆောက်ပုံတွေ အကြိုက်မရသေးသလို့ အသင်းမှာ ဒဏ်ရာပြသနာ တွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလပါ၊

ခုကစားခဲ့ရတဲ့ လူစာရင်းက လည်း သူ့အကြိုက်မဟုတ်သေးပါဘူး ဘန်ဝှိုက်တို့ ပါတေးတို့လို အဓိက ကစားသမားတွေလည်း ပါဝင်မလာခဲ့ပါဘူး။

ကျွန်တော် က အာတီတာ ပရိသတ်ဆိုလည်း ဟုတ်ပါတယ်၊အာဆင်နယ်အသင်းအနေနဲ့ အာတီတာကို ယုံကြည်ဖိုလိုအပ်ပါတယ်၊ မကြာခင်မှာ အသင်းဟာ ခိုင်မာ ကောင်းမွန်လာပါလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber








Photo Credit To Owner
Internet Source
SportsGaber