Sports

အန်းဖီးလ်ကွင်းမှာ တယောက်လျော့နဲ့ သရေတမှတ် ခက်ခက်ခဲခဲ ရယူပြခဲ့တဲ့ – ချဲလ်ဆီးအသင်း

အန်းဖီးလ်ကွင်းမှာ တယောက်လျော့နဲ့ သရေတမှတ် ခက်ခက်ခဲခဲ ရယူပြခဲ့တဲ့ – ချဲလ်ဆီးအသင်း

အန်းဖီးလ် မှာ လီဗာဗူးနဲ့ ချဲလ်ဆီးကတော့ ဇာတ်ရှိန်မြင့်မြင့်နဲ့ ပရိတ်သတ်တွေအတွက် ရင်ခုန်စရာတွေ အငြင်းပွားမှုတွေနဲ့ အပြိုင်အဆိုင် သွင်းဂိုးတွေရဖို့နဲ့ ယှဥ်ပြိုင်တဲ့ ပွဲကောင်းတစ်ပွဲ ပါပဲ ၊

အဖွင့်ဂိုးအနေနဲ့ ချဲလ်ဆီးအသင်းက စတင် ယူပြခဲ့ပါတယ် ၊ ပွဲချိန် ၂၂ မိနစ် မှာ ချဲလ်ဆီးအသင်း ဟားဗက်စ်ရဲ့ ခေါင်းတိုက်သွင်းလိုက်တဲ့ သွင်းဂိုးနဲ့ ပထမပိုင်း အချိန်ပြီးခံနီးထိ ချဲလ်ဆီးအသင်းအနေနဲ့ ၁ဂိုး အသာနဲ့ ရလဒ်ကို ထိန်းသိမ်း နိုင်ပေမယ့် ပွဲချိန် ၄၅မိန်စ်မှာတော့ ချဲလ်ဆီးအသင်းအတွက် ရလဒ်ကို ပြုပြင်ပေးမယ့် ကံကြမ္မာကြီးက စတင်လိုက်ပါတယ်။

တကယ်လည်း ရလဒ်ကို သရေ အဖြစ်ပြောင်းလဲ ခံလိုက်ရသလို ချဲလ်ဆီး ကစားသမား နောက်ခံ ရိစ်ဂျိမ်းစ်လည်း အနီကတ်ပြကာ ကွင်းလယ်ဒိုင်က ထုတ်ပယ်လိုက်ပါတယ်၊ ချဲလ်ဆီးအသင်း ၊ ချဲလ်ဆီးပရိတ်သတ်အတွက်တော့ ကွင်းလယ် ဒိုင် နဲ့ ရေဆက်တွေ ရှိနေပါသေးတယ်။

နောက်ခံလူ ရိစ်ဂျိမ်းကတော့ ပက်နယ်တီ ဧရိယထဲမှာ လက်နဲ့ ထိခဲ့တဲ့ အတွက် တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ်ခံလိုက်ရပါတယ်၊ လီဗာဗူး အသင်းကတော့ ပယ်နယ်တီ အခွင့်ရေးကို အရယူကာ သရေ ရလဒ်ဆိုတဲ့ သွင်းဂိုးတစ်ဂိုးကို ဆာလက်က အရယူလိုက်ကာ တစ်ဖက်ကို တစ်ဂိုးဆီနဲ့ ပထမပိုင်းရလဒ်အဖြစ် ထွက်ပေါ်ခဲ့ပါတယ်။

ဒုတိယ ပွဲစဥ် အချိန် ၄၅မိန်စ်အထိ ချဲလ်ဆီးအသင်းဟာ သရေရလဒ်နဲ့ ထိန်းထားနိုင်ခဲ့ပြီ၊ အန်းဖီးလ် ကွင်း ပရိသတ်တွေရှေ့မှာ အမှတ် တစ်မှတ်ဆီ ခွဲယူ ပြလိုက်ပါတယ်။တပိုင်းလုံး တယောက်လျော့နဲ့ ကစားပြခဲ့တဲ့ ချဲလ်ဆီး ခက်ခက်ခဲခဲ ရယူနိုင်ခဲ့တဲ့ သရေ တစ်မှတ်ကတော့ ချဲလ်ဆီးပရိတ်သတ်အတွက် အဖိုးတန်နေမှာပါ။

လီဗာဗူး ၁ – ၁ ချဲလ်ဆီး
ဆာလက်.,……..ဟာဗက်ဇ်
(၄၅’+၃’p)………၂၂’

Photo Credit To Owner
Internet Source
SportsGaber