Local News

ရန်ကုန်မြို့ပတ်ရထားပေါ်က PDF များ၏ သည်းထိပ်ရင်ဖို အောင်မြင်မှု 

ရန်ကုန်မြို့ပတ်ရထားပေါ်က PDF များ၏ သည်းထိပ်ရင်ဖို အောင်မြင်မှု

ဩဂုတ်လ ၁၄ ရက်ကဖြစ်ပွားခဲ့သော မြို့ပတ်ရထားပေါ်မှ ပစ်ခတ်မှုတွင် ဗိုလ်လပြည့်ဝန်း (အမည်လွှဲ) လဲပါဝင်သည် သူသည် ၁၉၈၈ ခုနှစ်တွင်လည်း စစ်အာဏာသိမ်းမှုကို တစ်ကြိမ်ကြုံတွေ့ခဲ့ပြီး ဆိုးရွားကြမ်တမ်သည့် စစ်အာဏာရှင်စနစ်အောက်တွင် ကြီးပြင်းခဲ့ရသည်။

တိုက်ခိုက်သည့်နေ့တွင် ပစ္စတိုသေနတ်ကို ဆွဲထုတ်ပစ်ခတ်နိုင်ရန် အဆင်သင့်ပြင်ထားကြသော ဗိုလ်လပြည့်ဝန်းတို့သည်။

မြို့ပတ်ရထားပေါ်တွင် ခရီးသည်ပုံစံဖမ်းကာ လိုက်ပါလာပြီး လက်နက်ကိုင်ရဲကို မည်သူတို့က ပစ်ခတ်မည်ဆိုတာ တာဝန်ခွဲထားကြပြီးဖြစ်သည် ထိုလုပ်ကြံသတ်ဖြတ်မှုကို အချိန် ၃ မိနစ်အတွင်း အပြီးသတ်နိုင်ရန် စီစဉ်ထားကြသည်။

ပစ်ခတ်မှုများအပြီး ရဲများထံမှ AK အမျိူးအစားနှစ်လက် G3 တစ်လက်နှင့် BA – 94 အူဇီစက်သေနတ်တစ်လက်တို့ကို ရရှိခဲ့သည်။

လက်နက်ကိုင်ရဲ ၅ ဦးသေဆုံးစေသည့် တိုက်ခိုက်မှုအပြီး အောင်မြင်စွာတပ်ဖျောက်နိုင်ခြင်းမှာ ရထားစီးခရီးသွားပြည်သူတို့၏ ပူးပေါင်းကူညီမှုကြောင့်ဖြစ်သည်ဟု PDF တစ်ဦးက ပြောသည်။

#PDFများ၏အောင်မြင်မှု

Credit