Local News

” စားဖို့မရှိလို့ ဆန်တွေပြုတ်ပြီးစားနေရချိန်မှာ တစ်လစာရိက္ခာတွေလှူဒါန်းပေးခဲ့သူကို မျက်ရည်တွေနဲ့ ထိုင်ကန်တော့နေတဲ့ ပြည်သူတစ်ဦး “

ပြည်သူတွေရဲ့ကျပ်တည်းမှုဟာ တစ်နေ့တခြားပိုပြီးဆိုးဝါးလာခဲ့ပါပြီ။ စားဖို့တောင်မရှိလို့ ဒုက္ခတွေများနေရတဲ့အချိန်မှာ ပရဟိတအကျိုးတော်ဆောင်တွေဟာလည်း လက်လှမ်းမီသလောက် လိုက်ပြီးကူညီပေးကြတာတွေလည်းရှိပါတယ်။

ဒီနေ့မှာလည်း ဒုက္ခရောက်နေသူတွေကို အမြဲကူညီပေးတဲ့ ကိုပူတူးဟာ စားသောက်ရေးအခက်အခဲဖြစ်နေတဲ့ မိသားစုတွေအတွက် စားနပ်ရိက္ခာတွေလှူဒါန်းပေးခဲ့ပါ တယ်။ အလှူလက်ခံရသူဟာ ဝမ်းသာလွန်းတာကြောင့် ကိုပူတူးတားနေတဲ့ကြားကပဲ ထိုင်ပြီးကန်တော့ခဲ့ ပါတယ်။

ထမင်းမစားရတာ (၃) ရက်ရှိနေပြီဖြစ်ပြီး ဝယ်ဖို့ငွေမရှိလို့ ဆန်ကိုပဲပြုတ်ပြီး သောက်နေရကြောင်းနဲ့ အခုလှူဒါန်းပေးခဲ့တာတွေဟာ တစ်လစာရိက္ခာအတွက် အဆင်ပြေသွားခဲ့တာမို့ အရမ်းကိုဝမ်းသာပြီး ကျေးဇူးမမမေ့ပါဘူးဟုဆိုကာ အခုလို ကန်တော့ခဲ့တာပဲဖြစ်ပါတယ်။

စိတ်မကောင်းစရာလည်းဖြစ်သလို ဝမ်းသာစရာလည်းဖြစ်တဲ့ ဒီဖြစ်ရပ်လေးကို ပရဟိတအလုပ်တွေ တွင်တွင်ကျယ်ကျယ်လုပ်နေတဲ့ ကိုပူတူးက သူ့ရဲ့လူမှုကွန်ယက်မှာဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်။

နွမ်းပါးတဲ့သက်ကြီးအဖိုးအဖွားတွေကိုကူညီပေးသလို ဒုက္ခရောက်နေတဲ့ အိမ်ထောင်စုတွေကိုလည်း တတ်နိုင်သလောက်ထောက်ပံ့ပေးခဲ့ပါတယ်။

အခက်အခဲဟာ လူတိုင်းမှာရှိတယ်ဆိုပေမယ့် ကိုယ့်ထက်ပိုပြီးခက်ခဲတဲ့ဘဝတွေကို စာနာစိတ်တစ်ခုတည်းနဲ့ အပင်ပန်းခံပြီး အခုလိုကူညီပေးနေတဲ့ ပရဟိတသမားတွေရဲ့ စိတ်ထားမြင့်မြတ်မှုကတော့ လေးစားစရာလည်းကောင်း ချီးကျူးဖို့လည်း ထိုက်တန်ပါတယ်။

Credit