Sports

စစ်မှန်တဲ့ခြေစွမ်းနဲ့ အာဆင်နယ်အသင်း ပြန်လာလိမ့်မယ် – ဂျိုကိုးလ်

စစ်မှန်တဲ့ခြေစွမ်းနဲ့ အာဆင်နယ်အသင်း ပြန်လာလိမ့်မယ် – ဂျိုကိုးလ်

မန်စီးတီးအသင်းနဲ့ ဂိုးပြတ်ရှုံးခဲ့ရတဲ့ အာဆင်နယ် အသင်းကတော့ ပရီးမီးယားလိဂ် နိုင်ပွဲမရှိ ရဂိုးမရှိနဲ့ အဖြစ်ဆိုးကာလကြီး မှာ ပရိတ်သတ် ဝေဖန်မှုတွေ မြင့်တတ်နေပြီ၊ အာတီတာ အသင်းကနေ ထွက်သွားဖို့ပဲ တောင်းဆိုနေရပါတယ်။

အာဆင်နယ် အသင်းဟာ အပြောင်းအရွှေ့အတွက် ပရီးမီးယားလိဂ် အခြားအသင်းတွေထပ် ငွေကြေးပိုသုံးထားတဲ့ အသင်းလည်းဖြစ် ပါတယ်။ ဘန်ဝှိုက် ၊ နူနို တာဗာရက်စ် ၊ ရမ််စ်ဒဲလ် ၊ အိုဒီဂွာဒ် ၊ လိုကွန်ဂါ တို့ ခေါ်ယူမှုအတွက် ပေါင် ၁၃၂ သန်း အသုံးထားပါတယ်။

ချဲလ်ဆီးအသင်း ကစားသမားဟောင်းဖြစ်တဲ့ ဂျိုကိုးလ်ကတော့ အာဆင်နယ်အသင်းရဲ့ လူခေါ်ယူမှုကို သုံးသပ်ရမယ်ဆိုရင် အသက်ကိုကြည့်ခြင်းအားဖြင့် အောက်ခြေကနေ ပြန်တည်ဆောက်နေရတဲ့ ပုံစံပါပဲ။အာတီတာဟာ နည်းပြကောင်းပါ ၊ အသင်းရဲ့ ပြသနာကိုဖြေရှင်းဖို့နဲ့ ဒီရာသီမှာ ပရိတ်သတ် တွေရဲ့ စကားသံတွေလည်း ကြားနေရမှာပါ နည်းပြတာဝန်ယူဖို့အတွက်က နားမလည်ပဲ သူလက်ခံမှာမဟုတ်ဘူး။

စစ်မှန်တဲ့ခြေစွမ်းနဲ့ အာဆင်နယ် အသင်း ပြန်လာလိမ့်မယ် ကာလတစ်ခုတော့ စောင့်ပေးရမယ်ဖြစ်ကြောင်း ၊ ပြန်လာနိုင်ဖို့အတွက် အာဆင်နယ် အသင်းအနေနဲ့ အဓိက ကစားသမားသုံးဦးရှိနေကြောင်းပြောပြလာပါတယ်။

အခြေနေဆိုးက ရုန်းထွက်ဖို့ ဆာကာ ၊ တီယာနေး ၊ စမစ်ရို ကစားသမားဦးဟာ အဓိက ရုန်းထွက်ပေးမယ့် ကစားသမားတွေ ဖြစ်ကြောင်းနဲ့ ထိုကစားသမားသုံးဦးကို အသင်းတိုင်းက ခေါ်ယူချင်လိမ့်မယ် ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ် ကစားသမား တွေအနေနဲ့ ရလဒ်ဆိုးတွေကို ဖော်ထုတ်ဖို့ ကစားသမားတွေ ကိုယ်တိုင် အပြန်အလှန် ဆွေးနွေးဖို့လည်းရှိပါတယ်။

Photo Credit To Owner
Internet Source
SportsGaber