Sports

ပရီးမီးယားလိဂ် စံချိန်အသစ်နဲ့ မှော်ဝင် ဂိုးသွင်းစက်ပညာရှင် ဂရင်းဝုဒ် မှတ်တမ်း…

ပရီးမီးယားလိဂ် စံချိန်အသစ်နဲ့ မှော်ဝင် ဂိုးသွင်းစက်ပညာရှင် ဂရင်းဝုဒ် မှတ်တမ်း…

ပရီးမီးယားလိဂ် ပွဲစဥ် (၃) ဝှလ်ဗ်အသင်းနဲ့ မန်ချက်တာ ယူနိုက်တတ် အသင်းတို့ ယနေ့ည ၁၀ နာရီမှာ ယှဥ်ပြိုင်ကစားခဲ့ ပါတယ်။

ပထမပွဲချိန်အတွင်းမှာ အိမ်ရှင် ဝှလ်ဗ်အသင်း အနေနဲ့ ယူနိုက်တတ် အသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်၊ ယူနိုက်တတ် အသင်းအနေနဲ့ ဖာနန်ဒက်စ်ရဲ့ အဖွင့်ဂိုးရရှိခဲ့ပေမယ့် လူကျွံမှုရှိခဲ့တဲ့အတွက် ယူနိုက်တတ်အသင်း အဖွင့်ဂိုးမရရှိပါဘူး။

ဒုတိယပွဲချိန်မှာတော့ ဝှလ်ဗ်နဲ့ ယူနိုက်တတ်တို့ အပြန်အလှန် အနိုင်ဂိုးရရှိဖို့အတွက် ပြိုင်ပြိုင်ဆိုင်ဆိုင် ပွဲအရှိန်ကို မြင့်စေအောင် သွင်းဂိုးတွေရဖို့ ကြိုးစားခဲ့ပါတယ်။

ပွဲချိန် ၈၀ မိန်စ်မှာတော့ လူငယ်တိုက်စစ်မှုး ဂရင်းဝုဒ် ရဲ့ အဖိုးတန် ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရရှိပြီး ပရီးမီးယားလိဂ်ရဲ့ အဝေးကွင်းရှုံးပွဲမရှိ စံချိန်ကိုပါ ဂရင်းဝုဒ် ရယူပေးနိုင်လိုက်ပါတယ်။

လူငယ်ကြယ်ပွင့် တိုက်စစ်မှုး ဂရင်းဝုဒ် ကတော့ ပရီးမီးယားလိဂ်ရဲ့ အငယ်ဆုံး သွင်းဂိုး စံချိန်ကို ရယူနိုင်ခဲ့ပါတယ်၊ အသက် ၁၉ အရွယ်မှာ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုး ၂၀ထိ ရယူနိုင်ခဲ့သလို ဒီရာသီ ၃ပွဲဆက် ဂိုးသွင်းရှင် အသက်အငယ်ဆုံး မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

ခေတ်သစ်ဂိုးသွင်းစက် ပညာရှင် ဂရင်းဝုဒ် ဖြစ်လာလိမ့်လို သုံးသပ်ခဲ့ကြတဲ့ ဆရာကြီးတွေကိုတိုက်စစ်မှူး ဂရင်းဝုဒ် ကတော့ ပွဲတိုင်း သက်သေပြ နေသလားအောက်မေ့ရပါတယ်။

ပွဲပြီးရလဒ်

ဝှလ်ဗ် ၀ – ၁ မန်ယူ

Photo Credit To Owner
Internet Source
SportsGaber