Articles

ဝှလ်ဗ်အသင်းကို အဆင့် ၁၈နေရာ ပို့လိုက်တဲ့ ယူနိုက်တတ်တို့ ​ပွဲပြီးသုံးသပ်ချက်…

ဝှလ်ဗ်အသင်းကို အဆင့် ၁၈နေရာ ပို့လိုက်တဲ့ ယူနိုက်တတ်တို့ ​ပွဲပြီးသုံးသပ်ချက်…

မန်ချက်တာ ယူနိုက်တတ် အသင်းကတော့ ပွဲစလို့ ခရာမှုတ်လိုက်တာနဲ့ ဂိုးရဖို့ အရေးအတွက် ကြိုးစားခဲ့ရပြီ၊အိမ်ရှင် ဝှလ်ဗ်အသင်းကတော့ ပထမပိုင်းပွဲချိန်တော်တော်များများမှာ ဖိအားပေး ကစားခဲ့တာ တွေ့ရပါတယ်။

ဝုဗ်အသင်းရဲ့ အိမ်ကွင်းမှာ ရုန်းကန်ခဲ့ရပေမယ့် ခေတ်ဂိုးသွင်းရှင် ဂရင်းဝုဒ် ရဲ့ ခြေစွမ်း ပြသခဲ့ တလုံးတည်းသော ဂိုးဟာ ယူနိုက်တတ် အတွက် အနိုင်ရလဒ် ထွက်စေခဲ့သလို ပထမဆုံး မန်ယူအသင်းနဲ့ စတင်ကစားခဲ့တဲ့ ဗာရန် ကလည်း ဂိုးရရှိဖို့ ဖန်တီးပေးနိုင်ခဲ့ကာ ဗာရန်အတွက် အဖွင့်ပွဲစဥ်ဟာ လှပခဲ့ပါတယ်။

ဂရင်းဝုဒ်ရဲ့ သွင်းဂိုးဟာ အာဆင်နယ် အသင်း စံချိန်တင်ထားခဲ့တဲ့ အဝေးကွင်း ၂၉ပွဲ ရှုံးပွဲမရှိ စံချိန်ကိုလည်း ဖြတ်ကျော်နိုင်ခဲ့ပါတယ်။

တိုက်စစ်မှူး ဂရင်းဝုဒ် ရဲ့ တိကျမှန်ကန်တဲ့ အဆုံးသတ် သွင်းဂိုးစွမ်းရည်နဲ့ ယူနိုက်တတ် အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၃နေရာကိုတတ်လှမ်းနိုင်ခဲ့ပါတယ်။

ဝုဗ်အသင်းကတော့ ယူနိုက်တတ်ကို ရှုံးနိမ့်ခဲ့ကာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁၈နေရာမှာ ရှိခဲ့တာဖြစ်ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber