Celebrity

သားနဲ့ သမီးလေးအတွက် အားတင်းထားပါ နန်းမြတ်ရယ်…

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ သူမရဲ့ခင်ပွန်း ကိုဗစ်ရောဂါနဲ့ ဆုံးပါးသွားတာကြောင့် အတော်လေးကိုဝမ်းနည်းခံစားနေရတာ ဖြစ်ပါတယ်။

နန်းမြတ်ကိုယ်တိုင်လည်း ကိုဗစ်ရောဂါကို ခံစားခဲ့ရတာဖြစ်ပြီး လက်ရှိချိန်မှာတော့ ပျောက်ကင်းသွားပြီ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ လောကကြီးမှာ မရှိတော့ပေမယ့်လည်း သားနဲ့သမီးကိုအစစအရာရာ ဂရုစိုက်ရင်း နေထိုင်သွားမှာဖြစ်ကြောင်း ချစ်ရတဲ့ ပရိသတ်တွေကို ပြောပြထားပါသေးတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း နန်းမြတ်ရဲ့ Facebook Story တွင် ပုံလေးတစ်ပုံတင်ထားတာ ဖြစ်ပါတယ်။ဒါကတော့ လူ့လောကထဲ ရောက်လာတာ လသားအရွယ်ပဲရှိသေးတဲ့ သမီးလေးကို မိခင်နို့ရည်ပြန်တိုက်ဖို့အတွက်ကြိုးစားနေတဲ့ပုံလေးကို တင်ထားတာ ဖြစ်ပါတယ်။

နန်းမြတ်ဟာ ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့အတွက် သမီးလေးကို မိခင်နို့ရည်မတိုက်ဘဲ ခဏဖြတ်ထားတာ ဖြစ်ပါတယ်။ ခင်ပွန်းကို ဆုံးရှုံးထားရတဲ့ နန်းမြတ်အတွက် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေရပြီး  ကလေးတွေအတွက် အားတင်းပြီး ​ရှေ့ဆက်လျှောက်လှမ်းနိုင်စေဖို့ အနုပညာလောကမှ ညီအစ်ကိုမောင်နှမများနဲ့ ပရိသတ်များက အားပေးစကားများ ပြောထားကြပါသေးတယ်။

နန်းမြတ်တစ်ယောက် ဝမ်းနည်း ခံစားနေရတာတွေ အမြန်ဆုံးကင်းဝေးပြီး ကလေးတွေကို ပြုစုစောင့်ရှောက်ရင်း ပျော်ရွှင်စရာအချိန်တွေ ပြန်လည်ရရှိနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Nann Myat Phyo Thinn’s Facebook Account