Local News

စျေးကွက်ကစားသူတွေကြောင့် ငွေကြေးကုန်ကျခံပြီးတယုတယစိုက်ပျိုးထားတဲ့ အသီးအနှံတွေကို လမ်းဘေးလွှင့်ပစ်ခဲ့ရတဲ့ တောင်သူလယ်သမားများ

ကိုဗစ်ရောဂါတွေ ၊နိုင်ငံရေးအခြေအနေကြောင့် မြေသြဇာတွေ၊ပိုးသတ်ဆေးတွေဟာလည်း ပိုပြီး စျေးကြီးမြင့်လာနေကြပါတယ်။

တောင်သူလယ်သမားတွေဟာ ကိုယ်စိုက်ပျိုးတဲ့ အသီးအနှံကို ​မြေသြဇာကျွေးပြီး ပိုးရှိရင် ပိုးသတ်ဆေးဖြန်းရသလို ဂရုတစိုက်နဲ့ သေချာစောင့်ကြည့်နေရတာဖြစ်ပါတယ်။

အရင်းအနှီးတွေများစွာစိုက်ပြီး ရရှိလာတဲ့ အသီးအနှံကို ရောင်းချရာမှာလည်း စျေးကွက်ကစားတဲ့ ပွဲစားတွေကြောင့် စျေးကောင်းမရရှိသလို အချို့တောင်သူတွေဆိုရင်လည်း ဝယ်သူမရှိလို့ အသီးအနှံတွေကို လွှင့်ပစ်ရတာမျိုးတွေ ရှိနေခဲ့ပါတယ်။

ယခုမှာတော့ ရှမ်းပြည်တောင်ပိုင်းက တောင်သူလယ်သမားတွေဟာ စျေးကွက်ကစားနေတဲ့ လူအချို့ကြောင့် ဝယ်လက်မရှိလို့ ငွေကုန်ကြေးကျခံပြီး စနစ်တကျနဲ့တယုတယစိုက်ပျိုးထားတဲ့ အသီးအနှံတွေကို လမ်းဘေးလွှင့်ပစ်ခဲ့ရပါတယ်။

တောင်သူလယ်သမားတွေကို ကူညီပေးနေတဲ့ ပြည်သူတစ်ဦးကတော့ ရှမ်းပြည်တောင်ပိုင်းက တောင်သူတွေရဲ့ ရင်နာစရာအဖြစ်အပျက်ကို ကြည့်ပြီး အလွန်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ အရင်းရှင်တွေကြီးပွားတဲ့ စျေးကွက်ကစားခြင်းအပေါ် တောင်သူတွေရဲ့ဘဝပန်းတိုင်ဟာ မျှော်တိုင်းဝေးနေရတဲ့အကြောင်း အဆိုပါပြည်သူက ပြောပြလာခဲ့ပါတယ်။

အဆိုပါပြည်သူကတော့ အတတ်နိုင်ဆုံးတော့ တောင်သူတွေနဲ့စားသုံးသူတွေကြား သင့်တင့်မျှတအောင် ကူညီပေးခဲ့ကြောင်း၊ လက်လှမ်းမမီတဲ့နေရာတွေက တောင်သူတွေကို မကူညီနိုင်ခဲ့လို့ ယခုလိုအခြေအနေရောက်ခဲ့တာကြောင့် သူ့ကိုယ်သူအပြစ်တင်မိကြောင်း၊ အရင်းရှင်တွေကြီးပွားတဲ့ စျေးကွက်ကစားခြင်းအပေါ်မှာ တောင်သူတွေရဲ့ဘဝပန်းတိုင်ဟာ မျှော်တိုင်းဝေးနေရကြောင်း၊ တန်ဖိုးသိတဲ့နေရာကိုရောက်ရင်တော့ တန်ဖိုးရှိကြောင်း စိတ်မကောင်းစွာနဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားပါတယ်။

ဝယ်လက်မရှိလို့ အသီးအနှံတွေကို လမ်းဘေးလွှင့်ပစ်ခဲ့ရတဲ့ စိတ်မကောင်းစရာပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Credit








Credit