Sports

ရော်နယ်ဒိုအပြောင်းအရွှေ့တောင် ငြင်းပယ်သွားနိုင်တဲ့ ခြေစွမ်းဟု ရွိုင်ကိန်းဝေဖန်

မန်ချက်တာ ယူနိုက်တတ်အသင်းတို့ ဝှဗ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဥ်မှာ ၀ – ၁ ဂိုးရလဒ်နဲ့ အနိုင်ရယူခဲ့ပေမယ့် ဒီပွဲမှာ ကစားခဲ့တဲ့ခြေစွမ်းပိုင်း အနေအထာဟာ ဝှဗ်လောက်တောင် အစွမ်းမပြခဲ့နိုင်ဘူးလို့ ရွိုင်ကိန်း က ပြောဆိုဝေဖန် သုံးသပ်ခဲ့ပါတယ်။

ရွိုင်ကိန်းကတော့ ယူနိုက်တတ် အသင်းဟာ ပထမပွဲစဥ်အတွင်း ဝှဗ်အသင်းရဲ့ကစားပုံအောက်မှာ ကျရောက်ကာ ဖိအားပေး ကစားခံရပါတယ်၊
ယူနိုက်တတ်အသင်းအနေနဲ့ ဝှဗ်ဂိုးပေါက်ကို ဂိုးပေါက်တည့်တဲ့ ကန်သွင်းမှုလည်း မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

အဲ့ပွဲစဥ်ကို ရော်နယ်ဒို မကြည့်လိုက်ဖို့ မျှော်လင့်ပါတယ် ၊ ရော်နယ်ဒို သာ ကြည့်နေခဲ့ရင် ယူနိုက်တတ် ကို ပြောင်းရွှေ့လာတဲ့ သဘောတူညီမှု တွေက ပျက်သွားနိုင်ကြောင်းပြောဆိုခဲ့ပါတယ်။

ရွိုင်ကိန်း ကတော့ ယူနိုက်တတ် ခြေစွမ်းဟာ အသင်းလိုက် တတ်ကြွမှုက မရှိသလောက် ပါပဲ၊ ကစားနေတဲ့ ပွဲစဥ်အတွင်းမှာ ယူနိုက်တတ် ကစားသမားတွေ အားမထုတ်ခဲ့ဘူး၊ နိုင်လိုစိတ်အပြည့်နဲ့ မရုန်းကန်ကြဘူး၊

တဘက်အသင်းရဲ့ ဘောလုံးဖြတ်ယူမှုတွေဟာ မကြာခနပါပဲ ဝှဗ် နဲ့ ယူနိုက်တတ် ပွဲကို ရော်နယ်ဒို မကြည့်လောက်ပါဘူး၊ တကယ်လိုများ အဲ့ပွဲစဥ်ကို ရော်နယ်ဒို ကြည့်ဖြစ်လိုက်မယ်ဆိုရင် သေချာတယ် အပြောင်းရွှေ့ကိစ္စက ထမံဆွေးနွေးရဖွယ်ရှိနေလိမ့်မယ်ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber