Sports

ဂရင်းဝုဒ်ရဲ့ အောင်ပွဲခံ လှုပ်ရှားမှုပုံရိပ် – အဓိပ္ပါယ်များနဲ့ နောက်ဆုံးရ ယူနိုက်တတ်သတင်းများစုစည်းမှု….

ယူနိုက်တတ် အသင်းမှ ထွက်ခွင့်ပြုလိုက်တဲ့ – ကွင်းလယ်လူ

သေချာတဲ့ကမ်းလှမ်းမှုသာရှိရင် – ရောင်းချမယ်ဆိုတဲ့ကစားသမား

အငှားချလိုက်ပေမယ့် ယူနိုက်တတ်မှာပဲ – ဆက်ရှိခဲ့ရ

ဥရုဂွေးမှ ကာဗာနီအတွက်တရားဝင် – ကြောငြာ

ဂရင်းဝုဒ်ရဲ့ အောင်ပွဲခံ လှုပ်ရှားမှုပုံရိပ် – အဓိပ္ပါယ်များနဲ့ နောက်ဆုံးရ ယူနိုက်တတ်သတင်းများစုစည်းမှု….

မန်ယူနိုက်တက် ကစာသမား ဂျိမ်းစ်ကို အသင်းကထွက်ခွာခွင့်ပေးမည်ဖြစ်ကြောင်းသိရပါတယ်၊ယူနိုက်တတ်အနေနဲ့ ရော်နယ်ဒို ရောက်ရှိလာတဲ့အတွက် ဂျိမ်းစ်ကိုထွက်ခွင့်ပေးလိုက်ပြီ၊ ပရီးမီးယားလိဂ် မှ လက်စတာအသင်း၊ဘရိုက်တန်၊ လိဒ်စ်အသင်းတို့က စိတ်ဝင်စား ကြောင်းနဲ့ ရာသီမပိတ်ခင် အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။

ယူနိုက်တတ်အသင်းအနေနဲ့ ကွင်းလယ် ကစားသမား လင်ဂတ်ကို ရေရာသေချာတဲ့ ကမ်းလှမ်းမှု ရရှိခဲ့ရင် ရောင်းချမည်ဖြစ်ကြောင်းနဲ့ ပရီးမီးယားလိဂ် ဝက်စ်ဟမ်း အသင်းက ခေါ်ယူအတွက် စိတ်ဝင်စား ကြောာင်းသိရပါတယ်။

ယူနိုက်တတ် အသင်းကစားသမား ဒီယာလိုကတော့ အငှားထွက်မည်ကိစ္စအား ရပ်တန့် လိုက်ပါတယ်၊ ဒဏ်ရာပြသနာ နဲ့ ရင်ဆိုင်နေရလို ယူနိုက်တတ် အသင်းထံမှာ ဆက်ရှိနေမှာဖြစ်ပါတယ်။

ဥရုဂွေးအသင်းကတော့ ပရီးမီးယားလိဂ် ကစားသမားများကို နိုင်ငံပွဲမှာ ခေါ်ယူမှာ မဟုတ်တော့ပါဟု တရားဝင်ကြောငြာခဲ့ပါတယ်၊ ယူနိုက်တတ် အသင်း တိုက်စစ်မှုး ကာဗာနီ နိုင်ငံပွဲအတွက် သွားကစားဖို့မရှိတော့ပါဘူး။

ဝှဗ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တတ်အသင်းအတွက် အနိုင်ဂိုး သွင်းယူခဲ့တဲ့ ဂရင်းဝုဒ် ရဲ့အောင်ပွဲခံ လှုပ်ရှားမှုပုံရိပ်ဟာ black panther အဖြစ် အများသိထားတဲ့ သရုပ်ဆောင် Chadwick Boseman ကွယ်လွန်ခဲ့တာ တစ်နှစ်ဖြစ်တဲ့အတွက် အမှတ်တရအထိမ်းမှတ်နဲ့ ၎င်းအောင်ပွဲခံ လှုပ်ရှားမှု ပုံရိပ်ကို ပြခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ရော်နယ်ဒိုကို လာမည့်အပတ် ပရီးမီးယားလိဂ် ပွဲစဥ်၄မှာ ပါဝင်ကစားနိုင်ဖို့ လိုအပ်တွေ အမြန်ဆုံး လုပ်ဆောင်နေကြောင်းသိရပါတယ်။

Photo Credit To Owner
Internet Source
SportsGaber