Sports

အာဆင်နယ်အသင်းကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်းအရာတွေကို ရုပ်ရှင်အဖြစ် ပြသဖို့ရှိတဲ့ – အိုဇေးလ်

အာဆင်နယ်အသင်းကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်းအရာတွေကို ရုပ်ရှင်အဖြစ် ပြသဖို့ရှိတဲ့ – အိုဇေးလ်..

နည်းပြကြီး အာဆင်ဝင်းဝါးလက်အောက်တုန်းက အရေးပါအရာဝင်စေတဲ့ အာဆင်နယ် ကစားသမား အိုဇေးလ်အနေနဲ့ အာဆင်နယ် အသင်းကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်းအရင်းအမှန်တွေကို ရုပ်ရှင် ရိုက်ကူးတော့မှာဖြစ်ကြောင်းသိရတယ်၊ဒီသတင်းကို ပါးတာကတော့ အိုဇေးလ် အသိမိတ်ဆွေအရင်း ဖော်ပြခဲ့ပြီ ရုပ်ရှင် ရိုက်ကူးဖို့ ဆွေးနွေးနေကြောင်းသိရပါတယ်။

အာဆင်နယ် အသင်းအနေနဲ့ ၂၀၁၃မှာ အိုဇေးလ်ကို စပိန်ကလပ် ရီးရဲလ် မက်ဒရမ်မှ ခေါ်ယူခဲ့ပြီ၊ ပြောင်းရွေ့ကြေး ပေါင် ၄၂.၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်၊ အိုဇေးလ်ဟာ အာဆင်နယ်အသင်း နဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်၊၂၀၁၄နဲ့ ၂၀၁၇အတွင်းမှာ အက်ဖ်အေဖလား ၃ကြိမ်ရယူခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက် ၂၅၄ပွဲ ကစားထားပြီ ၄၄ ဂိုး ရယူခဲ့ကာ ဂိုးဖန်တီးမှု ၇၇ခါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ် အသင်းနဲ့အတူတိုက်ပွဲဝင်ခဲ့ကာလ ခုနှစ်နှစ်ကျော်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကပဲ ပြီးဆုံးစေခဲ့ပါတယ်။

သဘောတူလမ်းခွဲခဲ့တဲ့ အိုဇေးလ်ဟာ ဖီနာဘာချီအသင်း မှာ ကစားသမားဘဝနဲ့ ကစားနေပြီ ဒီရာသီ အသင်းအတွက် သွင်းဂိုး တဂိုးရယူထားနိုင်ပါတယ်

မကြာခင်မှာ အာဆင်နယ် အသင်းကနေ ထွက်ခွာရတဲ့ အကြောင်း တရားအမှန်တွေ မှတ်တမ်းတွေကို ရုပ်ရှင် ရိုက်ကူးတော့မှာဖြစ်ကြောင်းသိရတယ်။

မန်စီးတီး အသင်းနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဥ်မှာလည်း အိုဇေးလ်ဟာ ပရိတ်သတ်တွေကို အားခဲ့ပြီ၊ အာတီတာ ကို နှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber