Sports

ယူနိုက်တတ်အသင်းက ရော်နယ်ဒိုကို မခေါ်ယူခဲ့ရင် ခေါ်ယူမလား မေးတဲ့အပေါ်မှာ ဖြေကြားခဲ့တဲ့ – ဂွာဒီယိုလာ…

ယူနိုက်တတ်အသင်းက ရော်နယ်ဒိုကို မခေါ်ယူခဲ့ရင် ခေါ်ယူမလား မေးတဲ့အပေါ်မှာ ဖြေကြားခဲ့တဲ့ -ဂွာဒီယိုလာ…

ရော်နယ်ဒို အပြောင်းအရွှေ့ဟာ ယူနိုက်တတ် နဲ့ ခေါ်ယူဖို့ အသံ မထွက်ခဲ့ပေမယ့် တကယ်ပြောင်းရွှေ့မှု ဖြစ်ပေါ်ခဲ့တော့လည်း အချိန်ခနနဲ့ အပြောင်းရွှေ့ဖြစ်မြှောက်ခဲ့ပါတယ်။

ယူနိုက်တတ်အသင်းကို ရော်နယ်ဒို ရောက်ခဲ့ပြီဖြစ်ကြောင်းတရားဝင်ငြာခဲ့ကြပါတယ်၊ မန်စီးတီး အသင်းနည်း ဂွာဒီယိုလာကတော့ ပြောဆိုစကားလေးတွေရှိခဲ့ပါတယ်။ယူနိုက်တတ်နဲ့ မခေါ်ယူခင်က ရော်နယ်ဒိုဟာ ၁၀၀ ရာခိုင်နှုန်း မန်စီးတီး အသင်းနဲ့နီးစပ်ခဲ့ကြောင်းသိရပါတယ်။

ဂွာဒီယိုလာကတော့ “ရော်နယ်ဒို ကို ယူနိုက်တတ် အသင်း မခေါ်ခဲ့လည်း စီးတီးအသင်းက ခေါ်ယူမှာ မဟုတ်ဘူး ဖြစ်ကြောင်း ယုံကြည်တယ်လိုပြောဆိုပါတယ်။

ယူနိုက်တတ် အသင်းက ရော်နယ်ဒိုကို မခေါ်ယူခဲ့ရင် ခေါ်ယူမလာဆိုတဲ့ မေးခွန်မှာ “ဂွာဒီယိုလာက အမ်…ကျွန်တော်တော့ မထင်ပါဘူး”ဖြေကြားခဲ့ပါတယ်။

မန်စီးတီး အသင်းအနေနဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ကို ရဖို့အတွက် ကမ်းလှမ်းပေမယ့် စပါးအသင်းဟာ ကမ်းလှမ်းမှု နှစ်ကြိမ်လုံးကို ပယ်ချခဲ့ကာ တိုက်စစ်မှုး ဟယ်ရီကိန်း ကို စပါးအသင်းမှာ ထိန်းသိမ်း ထားပါတယ်။

ဟယ်ရီကိန်း ပယ်ချခဲ့တဲ့အချိန်နဲ့ ရော်နယ်ဒို ပြောင်းရွှေ့ကိစ္စကလည်း ပရိသတ်တွေ ပါးစပ်ဖျားမှာ တော်တော်လေး ပြောစရာတွေရှိခဲ့ပြီ၊ ယူနိုက်တတ် ပရိတ်သတ်တွေလည်း မြို့ခံပြိုင်ဘက် စီးတီးအသင်း နဲ့ အသတင်းများ ထွက်ခဲ့တဲ့ ရော်နယ်ဒို ကိစ္စတွေအပေါ်မှာ ရှုပ်ထွေးခဲ့ကြပါတယ်။

Photo Credit To Owner
Internet Source
SportsGaber