Sports

ပရီးမီးယားလိဂ် နိုင်ပွဲ မရရှိခဲ့ပေမယ့် အာတီတာကို အပြည့်အဝ ယုံကြည်နေသေးတဲ့ ခရွန်ကီမိသားစု

ပရီးမီးယားလိဂ် နိုင်ပွဲ မရရှိခဲ့ပေမယ့် အာတီတာကို အပြည့်အဝ ယုံကြည်နေသေးတဲ့ ခရွန်ကီမိသားစု…

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ ၃ပွဲစဉ်အထိ ရှုံးနိမ့်ခဲ့ကာ ရလဒ်တွေဆိုးဝါးနေပြီ ရဂိုး မရှိ ပေးဂိုး ၉ဂိုးနဲ့ ဖိအားတွေအောက်မှာ ကျရောက်နေပါတယ်၊ ပွဲစဉ် ၁မှာ တန်းတတ် အသင်းကို ရှုံးနိမ့်ခဲ့ ပွဲဟာ ဆက်တိုက်ဆိုလို အရှုံးတွေထဲမှာ လဲပြိုနေတယ်။

ဒီရာသီဟာ အာဆင်နယ် အသင်းအတွက် မလှပခဲ့တဲ့ အဖွင့်ပွဲအခန်းနားကြီးဖြစ်သလို ၊ အာဆယ်နယ်ပရိတ်တ်တွေအတွက်လည်း ကြေကွဲစရာတွေရှိနေပါတယ်၊ပြီးခဲ့အပတ်က ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် ၃ပွဲလုံး ပရိတ်သတ် တွေ တောင်းဆိုနေကြပါတယ်။

အာတီတာ ဒီလောက်ဆိုရဘီ ထွက်သွားတော့ဟု အောက်ဟစ်ခဲ့ကြကာ မန်စီးတီး နဲ့ ပွဲစဉ်မှာ ပရိသတ်တွေ ထပြန်တဲ့အထိ ဖြစ်လာခဲ့ပါတယ်၊အာတီတာကို ထွက်သွားဖို့တောင်းဆိုနေပေမယ့်

အာဆင်နယ်အသင်း ရဲ့ ပိုင်ရှင် မိသားစုဖြစ်တဲ့ ခရွန်ကီကတော့ ဆိုးဝါးတဲ့ရလဒ်နဲ့ ရင်ဆိုင် နေရတဲ့ နည်းပြ အာတီတာကို အပြည့်အဝ ယုံကြည့်ကြောင်း ဗြိတိန် သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။

ခရွန်ကီကတော့ အာဆင်နယ်အသင်းကို အရင်လို ပြန်လာလိမ့်မယ် ၊ အာတီတာ အနေနဲ့ အောင်မြင်မှု လမ်းစပေါ်ကို ရောက်အောင် ပြန်ပို့ပေးမယ်ဖြစ်ကြောင်းနဲ့ လက်ရှိ လူစာရင်း အရ အာတီတာ ကလွဲရင် ဘယ်နည်းပြမှ ကိုင်တတ်လိမ့်မဟုတ်ကြောင်းယုံကြည့်သည်ဟု ဗြိတိန်အခြေစိုက် သတင်းစကားမှာဆိုပါတယ်။

အာတီတာအနေနဲ့ အာဆင်နယ် အသင်းမှာ ဆက်ရှိဖို့ အခွင့်လမ်း ရှိနေပေမယ့် ကျန်ပွဲစဥ်တွေအတွက် ရလဒ်ကောင်းတွေ မရယူနိုင်ခဲ့ရင်တော့ခရွန်ကီ အပြည့်အဝယုံကြည့်ပေးခဲ့အတွက် နောင်တရနေမှာပါ။

Photo Credit To Owner
Internet Source
SportsGaber