Sports

ချန်ပီယံဆုကို ရယူဖို့ အသင့်ဖြစ်နေကြောင်း စိန်ခေါ်ကြုံးဝါးလိုက်တဲ့ – ပေါ့ဘာ

ချန်ပီယံဆုကို ရယူဖို့ အသင့်ဖြစ်နေကြောင်း စိန်ခေါ်ကြုံးဝါးလိုက်တဲ့ – ပေါ့ဘာ

ယူနိုက်တတ် အသင်းကို ဝေဖန်သုံးသပ်သူတချို့ကတော့ ဒီရာသီ မှာလည်း ပရီးမီးယားလိဂ် ဖလားရယူဖို့ နည်းပါးကြောင်းဆိုကာ ယူနိုက်တတ် အသင်းရှေ့မှာ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းနဲ့ ဥရောပ ချန်ပီယံ ရှိနေကာ ယူနိုက်တတ်တို့ ဖြတ်ကျော်နိုင်မှာမဟုတ်ဘူးလို့ ဂယ်ရီနဗီးလ် ကလည်းပြောဆိုဝေဖန်သုံးသပ်ခဲ့ပါတယ်။

သုံးသပ်သူများအနေနဲ့ ယူနိုက်တတ် အသင်းဆီ ရော်နယ်ဒို ရောက်ရှိခဲ့ရာမှာ တချို့က ယူနိုက်တတ် အသင်းဟာ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်လိမ့်မယ်လို့ပြောဆိုတာတွေလည်းရှိနေပါတယ်။

ယူနိုက်တတ် ကစားသမား ပေါ့ဘာ ကတော့ ကျွန်တော် အသင်းဟာ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်ဖို့ အသင့်ဖြစ်နေတဲ့ အသင်းဖြစ်နေပါပြီ၊
ချန်ပီယံဖြစ်ဖို့ဆိုတာ မလွယ်မှန်း ကျွန်တော် တို့သိပါတယ် ဒါပေမယ် ဒီရာသီမှာ ဖလားရယူဖို့ အသင့်ဖြစ်နေတဲ့ မန်ချက်တာ ယူနိုက်တတ် အသင်း ဖြစ်နေကြောင်း ​ပြောဆိုခဲ့တယ်။

ယူနိုက်တတ် အနေနဲ့ ပရီးမီးယားလိဂ် ဖလားအများဆုံး အရေအတွက်နဲ့ ဗိုလ်ဆွဲထားတဲ့ အသင်းဖြစ်သလို၊ နောက်ဆုံးရယူခဲ့တဲ့ ဖလားဆုကလည်း နည်းပြကြီး ဖာဂူဆန် လက်ထပ် ၂၀၁၂ – ၂၀၁၃ နောက်ဆုံး လာယူခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ တော့ ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကို ရယူဖို့အတွက် ပေါ့ဘာက စိန်ခေါ် ကြုံးဝါးလိုက်ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber