Sports

အထူးအခွင့်ရေးရရှိခဲ့တဲ့ – ရော်နယ်ဒို

ရော်နယ်ဒို… အထူးအခွင့်ရေးရခဲ့ကာ ကျောနံပါတ် ၇ ကိုပဲ ဝတ်ဆင်ရမယ်လို့ သိရပါတယ်။

လက်ရှိ ယူနိုက်တတ် အသင်း ကျောနံပါတ် ၇ ဝတ်ဆင်ထားတဲ့ တိုက်စစ်မှုး ကာဗာနီ ဟာ အသင်းက ထွက်ခွာမယ့် ဂျိမ်းစ်ရဲ့ နံပါတ် ကို ပြောင်းလဲ ဝတ်ဆင်မည် ဖြစ်ကြောင်း သိရပါတယ်။

ဆွမ်ဆီး အသင်းကနေ ယူနိုက်တတ်ကို ပေါင် ၁၅ သန်းနဲ့ ရောက်လာခဲ့တဲ့ ဒန်နီရယ် ဂျိမ်းစ်ကတော့
အသင်းအတွက် ၇၄ပွဲ ကစားထားကာ ၉ဂိုးအထိ ယူနိုက်တတ် အတွက် သွင်းယူခဲ့ကာ ၉ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီရာသီ အပြောင်းရွှေ့မပိတ်ခင်မှာတော့ ဂျိမ်းစ်တယောက် အသင်းကနေထွက်ခွာဖို့ ဖြစ်လာခဲ့ပါတယ်၊ ယူနိုက်တတ် အသင်းဟာ ရော်နယ်ဒို ရောက်လာခဲ့တဲ့ အချိန်ကစ အသင်းကစားသမားကို ထွက်ခွာခွင့်ပြုကြောင်းပြောကြားလိုက်ပါတယ်။

ဂျိမ်းစ်ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတဲ့ ပရီးမီးယားလိဂ် ကလပ် လက်စတာ ၊ လိဒ်စ် တို့က ပစ်မှတ်ထာားခေါ်ယူဖို့ စိတ်ဝင်စား ကြောင်း သိရပါတယ်။

ယူနိုက်တတ် အသင်းအနေနဲ့ ဝေးလ်လက်ရွေးစင် ဂျိမ်းစ်ကို လိဒ်စ် အသင်းထံပြောင်းရွှေ့ကြေး ပေါင် ၃၀ သန်းနဲ့ ရောင်းချမည်ဖြစ်ကြောင်းနဲ့ သဘောတူညီမှု ရရှိခဲ့ကြောင်းသိရပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဆယ်ကျော်သက် ကစားသမား ဖြစ်နေတဲ့ ဂရင်းဝုဒ် တယောက် ထိပ်တန်းတိုက်စစ်မှူး ဖြစ်လာမလားဆိုတာ ပရိတ်သတ် တွေ ခန်းမှန်းပြောဆိုနေကြပါတယ်။ဝှဗ်ပွဲအပြီးမှာလည်း ဂရင်းဝုဒ် ဟာ King Of The Match ရရှိခဲ့သလို ပရီးမီးယားလိဂ် ရာသီစ ပွဲစဥ် ၃ပွဲစလုံး သွင်းဂိုးရယူနိုင်ခဲ့တဲ့ စာရင်းမှာ မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂျိမ်းစ်အပြောင်းရွှေ့ အပြီးသတ်ပြီးပါက ယူနိုက်တတ်ရဲ့ အကသမားလေး လင်ဂတ် အပြောင်းရွှေ့ ထမံ ပေါ်ပေါက်လာမလားစောင့်ကြည့်ရမှာပါ။

လင်ဂတ်ကို ရာသီဝက် အငှားခေါ်ယူဖူးတဲ့ ဝက်စ်ဟမ်း အသင့်က ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်းသိရပါတယ်။

ယူနိုက်တတ် ဂိုးသမား ဟန်ဒါဆင် ကတော့ ​ ပွဲထွက်ခွင့် ရဖို့အရေး ကြိုးစားသွားမယ်ဟု ပြောဆိုခဲ့ပါတယ် ။

ဗာရန် ၊ ပေါ့ဘာ ၊ မာရှယ် တို့ဟာ နိုင်ငံ ပြင်သစ် လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းခဲ့ကြောင်းသိရပါတယ်။တိုက်စစ်မှူး ကာဗာနီ အနေနဲ့ နိုင်ငံ လက်ရွေးစင် ပရီးမီးယားလိဒ်မှ ကစားသမားများအား ခေါ်တော့မှာမဟုတ်မဟုတ်ကြောင်း တရားဝင်ကြောငြာခဲ့ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber