Sports

မန်စီးတီးကို ပြောင်းမယ်လို့ နာမည်ထွက်နေတုန်း ရော်နယ်ဒိုနဲ့ ပေါ်တူဂီသားရဲ့ ဖုန်းပြော အသံဖိုင်ပေါက်ကြား

ပေါ်တူဂီ ဂန္ဓဝင်ကစားသမားရော်နယ်ဒိုရဲ့ ပေါ်ထွက်လာတဲ့အသံဖိုင်အရ သူအသင်းပြောင်းတော့မယ့်အကြောင်းပြောပြီး ပေါ်တူဂီလက်ရွေးစင်အသင်း​က ဘရူနိုအဲဗ်အကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ ရော်နယ်ဒိုအိုးထရက်ဖို့ဒ်ကို ပြန်လာဖို့ သောကြာနေ့မှာ အလျင်အမြန်လှုပ်ရှားပြီး တရားဝင်ကြေညာခဲ့ပါတယ်။ သူရဲ့အပြောင်းအရွေ့မတိုင်ခင်မှာ ရော်နယ်ဒိုဟာ သူရဲ့သူငယ်ချင်းဖြစ်သူနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ ဒီအသံဖိုင်ကိုတော့ Futmaisဆိုတဲ့ Twitterကနေတင်ခဲ့တာဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့အသံဖိုင်အရ ရော်နယ်ဒိုက စပို့တင်းနဲ့ ပေါ်တူဂီအသင်းဖော် Palhinhasကို အခုလိုပြောခဲ့ပါတယ်။”ဘာလဲ Palhinhas။ ငါရဲ့ အခြေအနေက ဒီနေ့နေ့လည်၊ည၊ဒါမှမဟုတ် မနက်ဖြန်မနက်နောက်ဆုံးထားပြီး ဆုံးဖြတ်ရမှာ။မန်ယူနဲ့မန်စီးတီး နှစ်သင်းလုံးက ငါ့ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာ။ ဒါကို အပြီးသတ်ဖို့ တော်တော်နီးစပ်နေပြီ”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်ရော်နယ်ဒိုက ဘရူနိုအဲဗက်စ်အကြောင်းလည်း ပြောကြားခဲ့ပါတယ်။

“ငါကြားတာတော့ Nacionalအသင်းက ခက်ခဲတဲ့ အခြေအနေတစ်ခုမှာ ရှိနေတယ်ဆို။ မင်း ဘရူနိုအဲဗက်စ်အကြောင်းကို စိတ်ဝင်စားလား။ ငါထင်တာတော့ သူရဲ့ အသက်အရွယ်အရ အရည်အချင်းနဲ့ အတွေ့အကြုံကောင်းတွေပိုင်ဆိုင်ထားတာပဲ။ သူကအခု Parmaမှာ ရှိနေပြီး famalicaoအသင်းနဲ့ စာချုပ်ချုပ်ထားဖို့ ကြိုးစားပေမယ့် အသင်းက မန်နေဂျာနဲ့အဆင်မပြေဘူးထင်တယ်။ သူက အခုတော့ free agentဖြစ်တော့မယ်ထင်တယ်လို့ ပြောကြားခဲ့ပါတယ်။”

ရော်နယ်ဒိုဟာ မန်ယူအသင်းနဲ့ ဆေးစစ်ပြီးစီးခဲ့တာကြောင့် နောက်လာမယ့် မန်ယူနဲ့ နယူကာဆယ်ပွဲစဥ်ကို ပါဝင်နိုင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိမှာတော့ နိုင်ငံပွဲစဥ်ရှိတဲ့ ပေါ်တူဂီအသင်းကိုသွားရောက်ခဲ့ပါတယ်။

Credit – Sport evening page