International News

အလုပ်မလုပ်နိုင်တော့သဖြင့် သားဖြစ်သူမှ အိမ်ကနေ မောင်းထုတ်လိုက်သောကြောင့် လမ်းဘေးတစ်နေရာတွင် ထိုင်ငိုနေသည့်အဖိုး

မိဘတို့၏ ကြီးမားလှသော ကျေးဇူးတရားများသည် ဆပ်၍မကုန်အောင် ကြီးမားကျယ်ပြန့်လှပေသည်။သားသမီးတို့အနေဖြင့် မိဘများကို မည်မျှပင် လုပ်ကျွေးပြုစုနေပါစေ ကျေးဇူးတရားကို ကျေအောင်ဆပ်နိုင်လိမ့်မည်မဟုတ်ပေ။ကျေးဇူးတရားကြီးမားလှသော မိဘတို့ကို စွန့်ပစ်ထားနိုင်သော သားသမီးတို့သည်ကာ လောကတွင် အနည်းငယ်ရှိနေသေးတာဟာ အလွန်စိတ်ပျက်ဖွယ်ကောင်းလှတာဖြစ်ပါတယ်။

ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ ဖခင်တစ်ဦးသည် သားဖြစ်သူဒေါသထွက်ကာ နေအိမ်ပေါ်မှ ဆင်းသွားရန် စေခိုင်းခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ထို့ကြောင့် ဖခင်ဖြစ်သူဟာ သွားလာနေထိုင်ရန် အိမ်မရှိသည့်အတွက် လမ်းဘေးလေးတစ်နေရာတွင် ငိုယိုနေခဲ့တာလည်းဖြစ်ပါတယ်။

ထိုအကြောင်းကို သိရှိသွားခဲ့သော လူအများစုတို့ဟာ သားဖြစ်သူကို အလွန်ဒေါသထွက်စေခဲ့ရကာ အမျိုးမျိုးဝေဖန်နေပြီး ဖခင်ဖြစ်သူကိုလည်း ကူညီနိုင်အောင် ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Unicode





Shoon (Cele Daily)

Credit – Cele Daily Page