International News

အမေဖြစ်သူကို မရလို့ လက်မလျှော့ဘဲ နောက်ဆုံးသမီးဖြစ်သူနဲ့ ရအောင်လက်ထပ်ယူခဲ့တဲ့ အဘိုးအို

အသက် ၅၈ နှစ်ရှိ အင်ဒိုနီးရှားအမျိုးသားတစ်ဦးက သတို့သမီးရဲ့အမေဖြစ်သူမှ ငြင်းဆိုပြီးနောက် ၁၉ နှစ်အရွယ် သမီးဖြစ်သူ နဲ့ လက်ထပ်ခဲ့ပါတယ် ။ ၎င်းအသက် ၅၈ နှစ်သတို့သား Bora က တစ်ကိုယ်တည်းသမား ဖြစ်ပါတယ် ။သတို့သမီး Fazillah က မောင်နှမသုံးယောက်ထဲမှာ အကြီးဆုံးသမီးဖြစ်ပြီး သူမရဲ့အမေက လယ်သမားတွေဖြစ်ကြပြီး မိခင်က အဖေနဲ့ ကွာရှင်းပြီးနောက် အချိန်ကြာမြင့်စွာ ကလေးသုံးယောက်ကို ပြုစုပျိုးထောင်ရန် တစ်ယောက်တည်း ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့တာပါ ။

အစောပိုင်းတုန်းက Bora ဟာ Facillar ရဲ့အမေကို လက်ထပ်ဖို့တောင်းဆိုခဲ့ပါတယ် ။ ဒါပေမယ့် သူမရဲ့အမေက လက်မခံဘဲ ငြင်းခဲ့ပြီး သမီးအကြီးဆုံးကို Bora က ရူပီငွေ ၁၀ သန်း (ဘတ်ငွေ ၂၂၀၀၀ ခန့်) နဲ့ မြေ ၇ ဧကခန့်နဲ့ သူ့ရဲ့ သတို့သမီးဖြစ်ပေးဖို့ ကမ်းလှမ်းခဲ့လိုက်တာပါ ။ သတို့သမီး Fasilla ကလည်း ထိုအဘိုးအိုကို လက်ထပ်ဖို့ သဘောတူခဲ့လိုက်ပါတယ် ။

သူတို့ရဲ့ မင်္ဂလာဆောင်ပွဲကို ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့ပြီး အခမ်းအနားကို Bonto Kani ဒေသမှာ ကျင်းပခဲ့တာပါ ။ ရွာသူကြီးအိုင်ဇက်က အဆိုပါအခမ်းအနားဟာ ဇနီးမောင်နှံနှစ်ဦးနဲ့ ၎င်းတို့ရဲ့ မိသားစုများရဲ့ သဘောတူညီမှုဖြင့် ကျင်းပခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ် ။ ထို့ကြောင့် ၎င်းမင်္ဂလာပွဲက သတို့သမီးနဲ့ သတို့သားတို့ တစ်ဦး နဲ့ တစ်ဦး ချစ်ခြင်းမေတ္တာအပေါ် အခြေခံပြီး ကျင်းပခဲ့ခြင်းဖြစ်ပါတယ် ။

JRose (Mckzone Daily)

Source : sanook

Unicode




JRose (Mckzone Daily)
