Sports

ယူနိုက်တတ် ပရိတ်သတ်တွေ ခံယူချက်နဲ့ တထပ်တည်းကျခဲ့တဲ့ ရိုနယ်ဒိုရဲ့ ရင်ဖွင့်စကား…

ယူနိုက်တတ် ပရိတ်သတ်တွေ ခံယူချက်နဲ့ တထပ်တည်းကျခဲ့တဲ့ ရိုနယ်ဒိုရဲ့ ရင်ဖွင့်စကား…

မန်ယူအသင်းဟာ ဒီနေ့မှာ ရော်နယ်ဒိုကို ခေါ်ယူနိုင်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ရော်နယ်ဒိုကို ၂နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါရှိခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဂျုဗပ်တပ်အသင်းကထွက်ခွာနီးမှာ မန်စီးတီးနဲ့ နာမည်ကြီးခဲ့ပေမယ့် ရော်နယ်ဒိုဂျူဗင်တပ်ကထွက်ခွာဖို့ လေယာဥ်ပေါ်ရောက်ချိန်မှာတော့ မန်ယူအသင်းက ကြားဖြတ်ခေါ်ယူခေါ်ယူခဲ့တာဖြစ်ပါတယ်။

မန်ယူဟာ ရော်နယ်ဒိုအတွက် ဂျူဗင်တပ်ကို ပြောင်းရွေ့ကြေး ၁၅သန်းနဲ့ အပိုဆုကြေး ၈သန်းပေးရမှာဖြစ်ပါတယ်။ ၁၅သန်းကတော့ ၅နှစ်အရစ်ကျနဲ့ပေးမယ်လို့သိရပါတယ်။ ရော်နယ်ဒိုကို ဒီစျေးနဲ့ရခဲ့တာက​တော့ တန်လွန်းမကတန်ပါတယ်။ ရော်နယ်ဒိုရဲ့ ပုံရိပ်ကြောင့် မန်ယူအသင်းဟာ ပရိတ်သတ်တွေတိုးပွားလာမယ့်အပြင် ပွဲကြည့်ရှုမယ့်သူတွေလည်းပိုများလာတော့မှာပါ။

ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုအသင်းဆီပြန်ရောက်ရှိတဲ့အပေါ် ရင်ဖွင့်စကား

” ယူနိုက်တက်ဆိုတာ ကျွန်တော့်နှလုံးသားမှာ အထူး ကောင်းမွန်တဲ့နေရာမှာ အမြဲတမ်းနေရာယူထားတဲ့အသင်းပါ။ သောကြာနေ့တုန်းက အပြောင်းအရွှေ့ကြေညာတုန်းက အားလုံးရဲ့ပေးပို့ကြတဲ့ message တွေ အားလုံးကို ကျွန်တော်လက်ခံရရှိခဲ့ပါတယ်။

Old Trafford ကွင်းမှာ ပြန်ကစားရင် ပရိသတ်အားလုံးကိုမြင်တွေ့ရဖို့ ကျွန်တော့်ဘက်က ​ရည်မှန်းထားပါတယ်။ နိုင်ငံပွဲစဥ်ပြီးတာနဲ့ အသင်းဆီ ကျွန်တော်ပူးပေါင်းသွား မှာပါ။ နောက်ပြီး အသင်းနဲ့အကောင်းဆုံးရာသီဖြစ်ဖို့လည်း ကျွန်တော်ရည်မှန်းထားပါတယ်။ “လို့ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ မန်ယူအသင်းမှာ အဆင့်၃နေရာမှာ ရပ်တည်နေပြီး နှစ်ပွဲနိုင် တစ်ပွဲ သရေဆိုတဲ့ ရလဒ်ရထားပါတယ်။ ပထမဆုံးပွဲမှာသာ ကစားပုံကောင်းခဲ့ပြီး နောက်၂ ပွဲကတော့ ပြိုင်ဖက်အသင်းတွေကိုယှဥ်တောင် မယှဥ်နိုင်ခဲ့ပါဘူး။ ကံကောင်းလို့ မရှုံးခဲ့တာပါ။ရော်နယ်ဒိုဟာ နောက်လာမယ့် နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

Credit – Sport evening page