International News

စိတ်မနှံ၍လမ်းဘေးတွင်တောင်းစားနေရသော်လည်း လူနာတင်ကား လမ်းပိတ်နေသောအခါ အမြန်ဆုံးသွားနိုင်ရန် အခြားယာဉ်များကို ဖယ်ခိုင်းကာ အမိန့်ပေးနေသည့်ကောင်လေး

လူသားအများစုတို့သည် လမ်းဘေးတွင်တောင်းစားနေရသူများကို စိတ်အနှောက်အယှက်ပေးသူ ပတ်ဝန်းကျင်ကို အကူအညီမပေးနိုင်သူဟု ထင်မြင်နေကြသည်။ဒါပေမဲ့လည်း အင်ဒိုနီးရှားနိုင်ငံ၏ လမ်းမတစ်ခုပေါ်တွင် မြင်တွေ့လိုက်ရသော ပုံရိပ်တစ်ခုဟာ မြင်တွေ့ရသူများကို စိတ်ကြည်နူးချမ်းမြေ့စေခဲ့ရပါတယ်။

လူနာတင်ကားတစ်စီးဟာ အရေးပေါ်သွားနေစဉ်တွင် ကားလမ်းပေါ်၌ ကားများပိတ်နေခဲ့ပြီး ရှေ့ဆက်မသွားနိုင်ပဲ ဖြစ်နေခဲ့ပါတယ်။ထိုအချိန်တွင် စိတ်မနှံသည့် လူငယ်သူတောင်းစားလေးဟာ အပြေးအလွှားရောက်လာခဲ့ပြီး လမ်းပိတ်နေသော ကားများကို ဘေးဖယ်ပေးရန်အတွက် အော်ဟစ်ကာ အမိန့်ပေးနေခဲ့တာဖြစ်ပါတယ်။

ထိုမြင်ကွင်းလေးကြောင့် အချို့မသိတတ်သူများကိုပင် အသိတရားရစေနိုင်ပြီး စိတ်မနှံသော်လည်း မြင့်မားလှသောစိတ်ထားသည်ကား အလွန်လေးစားဖွယ်ကောင်းလှပါတယ်။

Shoon (Cele Daily)

Unicode





Shoon (Cele Daily)

Credit – Cele Daily Page