Sports

ဒီရာသီဟာ မန်ချက်စတာ ယူနိုက်တတ်ဆိုတာကို ပြသရမယ့်အချိန်ပဲ – ရွန်နီ

ဒီရာသီဟာ မန်ချက်စတာ ယူနိုက်တတ်ဆိုတာကို ပြသရမယ့်အချိန်ပဲ – ရွန်နီ

မန်ချက်စတာ ယူနိုက်တတ် အသင်းဟာ ဒီရာသီ မှာ ဖလားလက်မဲ့ မဖြစ်ဖို့ လိုအပ်နေကြောင်း နည်း​ပြဆိုးလ်ရှားကို သတိပေးစကားနဲ့ အသင်းသားတွေ စိတ်ဓာတ်ကိုလည်း မြင့်တဲ့စေတဲ့ စကားကို ယူနိုက်တတ် တိုက်စစ်မှုး ဟောင်း ရွန်နီက ပြောဆိုလာပါတယ်။

နည်းပြဆိုးလ်ရှား အနေနဲ့ ဖလားတလုံးရယူပေးရမယ် သူလက်အောက်မှာ ယူနိုက်တတ် တိုးတတ်သင့်သလောက်တိုးတတ်နေပေမယ့် ဖလားလက်မဲ့ နဲ့ကြုံနေရတဲ့ ရလဒ်ကို ဒီရာသီမှာ သက်သေပြဖို့ လိုပါတယ်။

မန်ချက်တာ ယူနိုက်တတ်ဆီ ရော်နယ်ဒို ရောက်ရှိခဲ့တဲ့ အနေထာမှာ ရွန်နီ က ပြောဆိုလာတာပါ၊
ဆိုးလ်ရှားအနေနဲ့ မဖြစ်မနေ ဖလားရမှ ဖြစ်မှာပါ ရော်နယ်ဒို ၊ ဗာရန် ၊ဆန်ချိုတို့ ကိုခေါ်ယူနိုင်တဲ့ ယူနိုက်တတ် ဟာ ဖလားရယူဖို့ လိုအပ်နေပါတယ်၊ ဆိုးလ်ရှား အကြောင်းပြချက်ပေးဖို့မရှိပါဘူး။

ယူနိုက်တတ် အသင်းသားတွေအနေနဲ့ ရော်နယ်ဒို လုပ်ပုံကိုင်ပုံတွေ လေ့လာရင်း အသင်းကို တိုးတတ်ဖို့ နိုင်လိုစိတ် ပြင်းထန်ရမယ်၊ ရော်နယ်ဒို ရောက်လာခဲ့အပေါ်မှာလည်း အသင်းသားတွေ တတ်ကြွနေမှာပါ၊ ဒီရာသီ ယူနိုက်တတ် ဆိုတာ ပြသရမယ့် အချိန်ပါပဲ ၊ ဆိုးလ်ရှား အနေနဲ့ ဖလားလက်မဲ့ ဆိုတဲ့ ရလဒ် အလိုမရှိပါဘူး။

ရော်နယ်ဒိုဟာ ကမ္ဘာအကောင်းဆုံး ကစားသမားပါ၊ ဆိုးလ်ရှား အနေနဲ့ အောင်မြင်မှု ရရှိမှ ဖြစ်မယ်ဆိုတာ သိလောက်ပါတယ် ပြောဆိုခဲ့ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber