Celebrity love

” အတူတူချစ်လာခဲ့ကြတာ နှစ်ပေါင်း (၄၀) ပြည့်သွားခဲ့ပြီဖြစ်တဲ့ ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ ဇနီးမောင်နှံ “

” အတူတူချစ်လာခဲ့ကြတာ နှစ်ပေါင်း (၄၀) ပြည့်သွားခဲ့ပြီဖြစ်တဲ့ ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ ဇနီးမောင်နှံ ”

ဆိုးအတူကောင်းအတူ ဖြတ်သန်းလာခဲ့ကြတဲ့ ဦးကျော်သူတို့ဇနီးမောင်နှံဟာ တစ်ယောက်လက်ကို တစ်ယောက် ခိုင်ခိုင်မြဲမြဲတွဲခဲ့တာ အခုဆိုရင် နှစ်ပေါင်း (၄၀) တိုင်လာခဲ့ပါပြီ။ အတူတူပရဟိတ အလုပ်တွေကိုကြိုးစားလုပ်ကိုင်ခဲ့ပြီး အာဏာသိမ်းမှုဖြစ်စဉ်မှာလည်း ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ခဲ့လို့ တစ်သက်လုံးကြိုးစားတည်ထောင်လာခဲ့တဲ့ ပရဟိတအသင်းကြီး ဖျက်သိမ်းခံရတဲ့အထိကို အခြေအနေဆိုးဝါးသွားခဲ့ပါတယ်။ နှစ်ယောက်သားဟာလည်း ဘေးလွတ်ရာတိုင်းတပါးကို ရှောင်ရှားနေခဲ့ရပါတယ်။

ဒီနေ့ဟာလည်း လေးစားဖွယ်ပြည်သူ့သူရဲကောင်းနှစ်ယောက်ရဲ့ နှစ်လေးဆယ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ လေးပါပဲ။ ဇနီးမောင်နှံဆိုတာ တစ်ယောက်ရဲ့အကောင်းအဆိုးအားလုံးကို တစ်ယောက်ကလက်ခံပြီး အပြန်အလှန်ချစ်ပေးကြတဲ့ သူစိမ်းနှစ်ဦးပါပဲ။ နှစ်ပေါင်း (၄၀) တိတိ အချစ်မပြယ်ဘဲ တွဲလက်တွေ မြဲနေခဲ့တဲ့ ဦးကျော်သူတို့ဇနီးမောင်နှံကတော့ လေးစားစရာပါပဲ။ ချစ်ဇနီးကိုတန်ဖိုးထားပြီးသိပ်ချစ်သလို ဇနီးကလည်း ခင်ပွန်းကို တလေးတစားရှိခဲ့ပါတယ်။

ဘယ်တိုင်းပြည်ပဲရောက်ရောက် ပြည်သူတွေအတွက်ရပ်တည်ပေးပြီး ကြိုးစားထားတာတွေကို စွန့်လွှတ်ပေးရဲတဲ့သတ္တိကိုတော့ ပြည်သူတွေကဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ နှစ် (၄၀) ပြည့် မင်္ဂလာနှစ်ပတ်လည်ကနေ နောက်ထပ်နှစ်ပေါင်းများစွာတိုင်အောင် ချစ်ခြင်းမေတ္တာတွေ ပျော်ရွှင်မှုတွေနဲ့ ခိုင်ခိုင်မာမာချည်နှောင်ထားတဲ့ မိသားစုဘဝလေးမှာ အေးချမ်းပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

Credit