Sports

ပယ်နယ်တီ ၊ ဖရီးကစ်ကို ဖာနန်ဒက် နဲ့ ရော်နယ်ဒို ဘယ်သူက တာဝန်ယူမှာလဲ – ဖာဒီနန်

​ပယ်နယ်တီ ၊ ဖရီးကစ်ကို ဖာနန်ဒက် နဲ့ ရော်နယ်ဒို ဘယ်သူက တာဝန်ယူမှာလဲ – ဖာဒီနန်

မန်ချက်စတာ ယူနိုက်တတ် ရော်နယ်ဒို ရောက် လာခဲ့အပေါ်မှာ ဖာဒီနန်က ပြောဆို သုံးသပ်တာတွေရှိပါတယ် ရော်နယ်ဒို နဲ့ ဖာနန်ဒက်အပေါ်မှာ အဓိက ပြောလာတာပါ။

ယူနိုက်တတ် အသင်းအနေနဲ့ ရရှိလာမည့် ဖရီးကစ်နဲ့ပင်နယ်တီ တာဝန်ကိုဘယ် သူက တာဝန်ယူမှာလဲ ရော်နယ်ဒိုလား ဖာနန်ဒက် လားဆိုတဲ့မေးခွန်းတွေ မေးနေကြတဲ့အပေါ်ကို ဖာဒီနန် က ပြောဆိုသုံးသပ်လာပါတယ်။

ရော်နယ်ဒို မရောက်ရှိခင်က ယူနိုက်တတ် မှာ ပယ်နယ်တီ ကန်သွင်းရာမှာ ဆရာကျတဲ့ ဖာနန်ဒက်ဟာ ယူနိုက်တတ် အသင်းကို ရောက်ရှိပြီးနောက်ပိုင်း ပယ်နယ်တီ ကန်သွင်းမှု ၂၁ဂိုးရယူကာ ဖရီးကစ် နှစ်လုံး ရယူနိုင်ပါတယ်၊ပြိုင်ဘက်ပရိတ်တွေကတောင် နာမည်ပြောင်ပေးရတဲ့အထိ ပယ်နယ်တီ ကန်သွင်းမှု မှာ စပါယ်ရှယ် ဆရာကျခဲ့ပါတယ်။

ဖာဒီနန်ကတော့ ပယ်နယ်တီ ကန်သွင်းမှုကို ရော်နယ်ဒို ကို တာဝန်လွှဲပြောင်းပေးသင့်ကြောင်းအကြံပေးသုံးသပ်လာပါတယ် ဖာဒီနန်ကတော့ ကျွန်တော်အနေနဲ့ ဖာနန်ဒက် ပယ်နယ်တီ တာဝန်ကို ရော်နယ်ဒိုထံ လွဲပြောင်းသင့်တယ် ၊ ဖာနန်ဒတ်က ဖရီးကစ်နဲ့ ထောင့်ကန်ဘောတွေကို ဆက် လက်တာဝန်ယူရမယ်ပေါ့

ပယ်နယ်တီ တွေကို ရော်နယ်ဒို ပဲ တာဝန်ယူသင့်တယ် ဖာနန်ဒက်ကလည်း ရော်နယ်ဒို ပယ်နယ်တီ တာဝန်ယူမှာ လက်ခံသဘောတူမှာပါ ဖာနန်ဒက် တာဝန်က ဧရိယာတစ်ဝိုက်က ဖရီးကစ် တွေဟာ သူအတွက်ပါပဲ။

ရော်နယ်ဒိုအနေနဲ့ နောက်ပိုင်း ဖရီးကစ် ကန်သွင်းမှု အနေနဲ့ ဂျုဗင် မှာ အကြိမ်း ၇၀ ကန်သွင်းမှုမှာ ၁ကြိမ်သာ ဂိုးအဖြစ်ရရှိခဲ့ပါတယ် ပယ်နယ်တီ ကန်သွင်းမှု မှာတော့အဆင်လာမပြေ ဆက်ထိန်းထားနိုင်ပါတယ်ပယ်နယ်တီ ၃၂ကြိမ်ကန်သွင်းမှုမှာ ၂၇ဂိုးအထိရယူနိုင်ခဲ့ကာ ၅ကြိမ်ကတော့ လွဲချော်ခဲ့ပါတယ်။

ဖာနန်ဒတ် ကတော့ ယူနိုက်တတ် အတွက် ဖရီးကစ် ၂ဂိုးရယူကာ ပယ်နယ်တီ မှတ်တမ်း ၂၈ကြိမ် ကန်သွင်းနိုင်မှု မမှတ်တမ်းကို ကျော်ဖြတ်ပြဖို့ ၈ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber