Sports

ငွေသုံးအကြမ်းဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ – အာဆင်နယ်အသင်း…

ငွေသုံးအကြမ်းဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ – အာဆင်နယ်အသင်း…

ဒီရာသီ မှာ ရှုံးပွဲတွေ ဆက်နေတဲ့ အာဆင်နယ် အသင်းဟာ အပြောင်းရွှေ့ကာလမှာ စံချိန်တင် ခေါ်ယူမူတွေ လုပ်ခဲ့ပါတယ်၊ဥရောပ နွေစျေးကွက်မှာ အပြောင်းအရွေ့အတွက် ငွေသုံးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရှိရပါတယ်။

အာဆင်နယ် အသင်းအနေနဲ့ နွေစျေးကွက်မှာ ကစားသမား စုစုပေါင်း ၆ယောက်ထိ ခေါ်ယူခဲ့ကာ ပေါင် ၁၃၁.၈ သန်းထိ သုံးစွဲခဲ့တာဖြစ်ပါတယ်ခေါ်ယူခဲ့ကစားသမားတွေကတော့ ဂိုးသမား ၊ နောက်ခံလူ သုံးဦးနဲ့ ကွင်းလယ်လူနှစ်ဦးတို့ပါဝင်ခဲ့ပါတယ်။

ဂိုးသမားအနေနဲ့ ရှက်ဖီး အသင်းထံက ခေါ်ယူခဲ့ကာ ပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ် ၊ နောက်ခံလူ သုံးဦးကတော့ ဘရိုက်တန် အသင်းက ဘန်ဝှိုက် နဲ့ ဘယ်ဖီကာအသင်း နောက်ခံ လူ တာဗာရက် ၊ ဘိုလော့ရ်နာအသင်းက ဂျပန်သား တိုမီယာဆုတို့ သုံးဦးကို ခေါ်ယူခဲ့ပါတယ်။ဘန်ဝှိုက် (ပေါင် ၅၀ သန်း) တာဗာရက် (ပေါင် ၆.၈ သန်း) တိုမီယာဆု (ပေါင် ၁၇ သန်း )နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ် ။

ကွင်းလယ်ကစားသမားနှစ်ဦးကတော့ အိုဒီဂတ်နဲ့လိုကွန်ညာကိုခေါ်ယူခဲ့ကာ အိုဒီဂတ် ပေါင် ၃၀ သန်း လိုကွန်ညာကို ပေါင် ၁၅ သန်း အသုံးပြု ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အသုံးစရိတ် စုစုပေါင်းအနေနဲ့ ပေါင် ၁၁၂.၈သန်း သုံးခဲ့ကာ အပိုဆုကြေး ပေးရမယ့် စာရင်းတွေ ပါ ထည့်တွက်ပါက ပေါင် ၁၃၁.၈သန်းထိ အသုံးစရိတ် ရောက်ရှိခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ခေါ်ယူသုံးစွဲမှု မြင့်တတ်နေကာ ရောင်းချမှုမှာတော့ ပေါင် ၂၀ သန်းသာ ရရှိခဲ့ပါတယ် အသုံးစရိတ် စာရင်းချုပ်အနေနဲ့ အာဆင်နယ်အသင်းဟာ အသုံးစရိတ် အမြင့်ဆုံး အဖြစ် မှတ်တမ်း ဝင်ရောက်ခဲ့ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber