Sports

ယူနိုက်တတ်မှ ထွက်ခွာခဲ့ရတဲ့ ဂျိမ်းအတွက် ဆုတောင်းပေးလိုက်တဲ့ – မာရှယ်

ယူနိုက်တတ်မှ ထွက်ခွာခဲ့ရတဲ့ ဂျိမ်းအတွက် ဆုတောင်းပေးလိုက်တဲ့ – မာရှယ်

ယူနိုက်တတ် ထွက်ခွာခဲ့ရတဲ့ ဂျိမ်းစ်အတွက် တိုက်စစ်မှုး မာရှယ်က စုတောင်းစကားပါးလိုက်ပါတယ်။

ဆွမ်ဆီး အသင်းကနေ ယူနိုက်တတ်ကို ပေါင် ၁၅ သန်းနဲ့ ရောက်လာခဲ့တဲ့ ဒန်နီရယ် ဂျိမ်းစ်ကတော့
အသင်းအတွက် ၇၄ပွဲ ကစားထားကာ ၉ဂိုးအထိ ယူနိုက်တတ် အတွက် သွင်းယူခဲ့ကာ ၉ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီရာသီ အပြောင်းရွှေ့မပိတ်ခင်မှာတော့ ဂျိမ်းစ်တယောက် အသင်းကနေထွက်ခွာဖို့ ဖြစ်လာခဲ့ပါတယ်၊ ယူနိုက်တတ် အသင်းဟာ ရော်နယ်ဒို ရောက်လာခဲ့တဲ့ အချိန်ကစ အသင်းကစားသမားကို ထွက်ခွာခွင့်ပြုကြောင်းပြောကြားလိုက်ပါတယ်။

ဂျိမ်းစ်ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတဲ့ ပရီးမီးယားလိဂ် ကလပ် လက်စတာ ၊ လိဒ်စ် တို့က ပစ်မှတ်ထာားခေါ်ယူဖို့ စိတ်ဝင်စား ကြောင်း သိရပါတယ်။

ယူနိုက်တတ် အသင်းအနေနဲ့ ဝေးလ်လက်ရွေးစင် ဂျိမ်းစ်ကို လိဒ်စ် အသင်းထံပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းနဲ့ ရောင်းချမည်ဖြစ်ကြောင်းနဲ့ သဘောတူညီမှု ရရှိခဲ့ကြောင်းသိရပါတယ်။

မာရှယ်ကတော့ အသင်းသစ်ကို ရောက်ရှိတဲ့ ဂျိမ်းစ်အတွက် စုတောင်းစကားဆိုလိုက်ပါတယ်၊ ဂျိမ်းရေ… မင်း အသင်းသစ်မှာ ခြေစွမ်းကောင်းတွေ ပြလိုက်ပါ… ကောင်းမွန်တဲ့ ခြေစွမ်း တွေပိုင်ဆိုင်ပါစေလို့ စုတောင်းပေးလိုက်ပါတယ် ။

Photo Credit To Owner
Internet Source
SportsGaber