International News

သားလေးနှင့်အတူ အပြင်သွားစဉ် ကိုယ်ဝန်ဆိပ်တတ်ပြီး လမ်းမလျှောက်နိုင်တော့သဖြင့် ခင်ပွန်းကိုဖုန်းခေါ်ရာ သူငယ်ချင်းနှင့်သောက်စားနေပြီး ဖုန်းမကိုင်သောကြောင့် လမ်းပေါ်တွင်အိပ်နေခဲ့ရသည့် မိခင်

အိမ်ထောင်စုတစ်ခုတွင် မိသားစုဝင်များအားလုံးဟာ တိုင်တိုင်ပင်ပင်နှင့် ရင်းနှီးနွေးထွေးစွာနေထိုင်သင့်ပေသည်။မိသားစုဝင်ထဲမှ တစ်ဦးကအဆင်မပြေလျှင် မိသားစုတစ်ခုလုံး ဒုက္ခရောက်ကျရပေမည်။ယခုတွင်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ ကလေးငယ်နှင့်အတူ လမ်းဘေးတွင် လဲနေသောကြောင့် လမ်းသွားလူတစ်ဦးဟာ အကူညီပေးခဲ့ရပြီး ရဲစခန်းသို့ဖုန်းဆက်ကာ ဆေးရုံသို့ ပို့ပေးခဲ့ရသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ပြောပြချက်အရ သူမဟာ သားငယ်နှင့်အတူ ညနေလမ်းလျှောက်ထွက်လာခဲ့ခြင်းဖြစ်ပြီး ကိုယ်ဝန်မှအလွန်နာကြင်လာသောကြောင့် လမိးမလျှောက်နိုင်သဖြင့် လမ်းပေါ်အိပ်နေရခြင်းဟုဆိုပါတယ်။

ခင်ပွန်းကို အကူအညီတောင်းရန် ဖုန်းဆက်ခဲ့သော်လည်း ခင်ပွန်းဟာ သူငယ်ချင်းများနှင့် သောက်စားနေခဲ့ပြီးဖုန်းမကိုင်ကြောင်း ဆိုခဲ့ပါတယ်။သူမဆေးရုံသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ခင်ပွန်းဖြစ်သူကို ဆက်သွယ်၍မရသေးဘူးဟု သိရပါတယ်။

Shoon (Cele Daily)

Unicode





Shoon (Cele Daily)

Credit – Cele Dail Page