Sports

လက်ရှိ အဆင့်(၂၀)က အာဆင်နယ်ကို ရာသီကုန်မှာ ရနိုင်တဲ့အဆင့်ဘယ်လောက်လဲဆိုတာ ခန့်မှန်းလိုက်တဲ့ ပေါလ်မာဆင်

အာဆင်နယ် အသင်း ကွင်းလယ်လူဟောင်း ပေါလ်မာဆင် က သူဟာ လက်ရှိ အားကစား ဒါရိုက်တာ အီဒူး ထက် အားကစားတာဝန်ကော ဒါရိုက်တာ တာဝန်ပါ ပိုမိုကောင်းမွန်အောင် ဆောင်ရွက် နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆက်တိုက် ဆိုးရွား နေပြီး သုံးပွဲဆက် ရှုံးပွဲ ၊ သွင်းဂိုး မရှိ ၊ ပေးဂိုး ၉ ဂိုး နဲ့ အတူ အမှတ်ပေး ဇယား အောက်ဆုံး အဆင့် ၂၀ ကို ရောက်ရှိ နေပါတယ် ။

ဒါကြောင့် နည်းပြ အာတီတာ ကို ထုတ်ပယ်တော့ဖို့ တောင်းဆိုသံတွေ ပိုမိုများပြား လာခဲ့ပြီး ပရိသတ်တွေဟာလည်း အသင်းရဲ့ ကစားသမား ခေါ်ယူမှုတွေကို စိတ်ပျက် နေကြပါတယ် ။အာဆင်နယ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ ပေါင် သန်း ၁၅၀ ဝန်းကျင် အထိ အသုံးပြုထားပြီး တခြား ပရီးမီးယားလိဂ် အသင်းတွေ အားလုံးထက် ငွေပိုသုံးထားပါတယ် ။

သတင်းတွေ အရတော့ အာဆင်နယ် အသင်းဟာ အီဒူးရဲ့ လူခေါ်မှုတွေ ၊ စီမံ ခန့်ခွဲမှုတွေကို စိတ်ပျက်နေပြီး အေဂျက်စ် အားကစား ဒါရိုက်တာ အိုဗားမားစ် ၊ လိုကိုမိုးတစ် က ရက်ဖ်ရမ်းနစ် ၊ ချဲလ်ဆီး အားကစား ဒါရိုက်တာဟောင်း မိုက်ကယ်အီမီနာလိုတို့ထဲက တစ်ဦးနဲ့ အစားထိုးဖို့ ရည်ရွယ် နေတယ်လို့ သိရပါတယ် ။

အာဆင်နယ် အသင်းမှာ ၁၉၈၅ ခုနစ်ကနေ ၁၉၉၇ ခုနှစ် အထိ ကစားခဲ့ပြီး ပွဲပေါင်း ၃၂၇ ပွဲ ကစား သွင်းဂိုး ၇၈ ဂိုးအထိ သွင်းယူခဲ့တဲ့ မာဆင် က Sky Sports News မှာ ” ကျွန်တော်တောင် အီဒူး ထက် ပိုကောင်းအောင် လုပ်နိုင်ပါတယ် ၊ ကျွန်တော်ဆို အလုပ်နှစ်ခုစလုံးကို ကောင်းကောင်း လုပ်နိုင်ပါတယ် ။

” အာဆင်နယ် အသင်းရဲ့ ဘောလုံးရာသီက နိုင်ငံပွဲ ကစားပြီး ကစားသမားတွေ ပြန်လာချိန်မှာ စတင်တာလို့ ပြောနိုင်ပါတယ် ။ ပွဲစဉ်ဇယား က အာဆင်နယ် အတွက် အနိုင်ရနိုင်တဲ့ ပွဲတွေချည်းပါပဲ ဒီပွဲတွေက မဖြစ်မနေ နိုင်ကို နိုင်ရမယ့် ပွဲတွေပါ ။ ”

” အာတီတာ က အောက်တိုဘာလ နိုင်ငံပွဲတွေ မတိုင်ခင်အထိ အသင်းမှာ ဆက်ရှိ နေဦးမှာပါ ၊ ဒီကာလအတွင်းမှာ သူ တိုးတက်အောင် မလုပ်နိုင်ရင်တော့ သူ ဖိအားတွေအောက် ရောက်သွားပါလိမ့်မယ် ၊ ငွေတွေ အများကြီး သုံးထားတော့ ကစားသမားတွေ အနေနဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသ နိုင်ဖို့ လိုအပ်ပါတယ် ။ ”

” အခု အချိန်မှာ အာဆင်နယ် အသင်း အမှတ်ပေး ဇယား အလယ်လော​က် ရောက်ရင်ကို ကျေနပ် ရမှာပါ ၊ အဆင့် ၅ ၆ အထိ ရရင်တော့ သူတို့ တိုးတက် လာတယ် ပြောရပါမယ် ၊ ဒါပေမယ့် အဆင့် ၁၀ လောက်ပဲ ရလိမ့်မယ်လို့ မြင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းရဲ့နွေရာသီကစားသမား ခေါ်ယူမှုများ

တာဗာရက်စ် – ပေါင် ၇ သန်း
ဘန်ဝှိုက် – ပေါင် သန်း ၅၀
လိုကွန်ဂါ – ပေါင် ၁၅ သန်း
အိုဒီဂွါဒ် – ပေါင် သန်း ၃၀
ရမ်စ်ဒဲလ် – ပေါင် ၂၄ သန်း
တိုမီယာဆု – ပေါင် ၁၇ သန်း

Crd:SM