Astrology

(၇) ရက် သား/သမီးများအတွက်စက်တင်ဘာလ တစ်လစာအထူးဟောစာတမ်း…..

၇ ရက်သား/ သမီးများအတွက်စက်တင်ဘာလ တစ်လစာအထူးဟောစာတမ်းတင်ပေးလိုက်ပါတယ်

တနင်္ဂနွေသားသမီးများအတွက်

ဒီလအတွင်းမှာ မိတ်ဆွေတို့ရဲ့ ကံကြမ္မာကို ပြောရရင်တော့ ကံကြမ္မာက အကောင်းဘက်မှာ အလေးသာနေပါတယ်။ ဘာလုပ်လုပ် ဘာကိုင်ကိုင် အဆင်ပြေမယ့် အချိန်ပဲ ဆိုပါတော့။ ဒါကြောင့် သင် ပိုင်ဆိုင်သော အချိန်ကာလတွေကို ပျော်ရွှင်စွာ ဖြတ်သန်းပေတော့။

ရည်ရွယ်ချက် ရည်မှန်းချက်တွေ ပြည့်စုံ အောင်မြင်မယ်။ တနင်္လာနံ ( ခြံ ၊ ကား ၊ အခန်းကိစ္စ ၊ ငွေကြေး) ဆိုင်ရာ ကိစ္စများနှင့် ဗုဒ္ဓဟူးနံ (ယဉ်၊ ရွှေ ၊ လူ ၊ အနုပညာ ၊ အလှပညာ) လုပ်ငန်းများနှင့် ပါတ်သက်၍ တိုက်ရိုက်၍သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်၍

စီးပွားရေး တိုးတက် အောင်မြင်မည်။ ဤကာတွင် သင်သည် မြတ်သော ထူးခြားသော ပုဂ္ဂိုလ်ထူးများနှင့် ဆုံတွေ့ ဖူးမြင်ရတတ်သည်။ အင်မတန် ကံထူးခြင်း ဖြစ်၏။ ရှင်သီဝလိ ပုံတော်များ အလိုလို ဝင်ရောက်လာတတ်သည်။ နိမိတ်ကောင်းသည်။

အင်မတန် လာဘ်လာဘ ရွှင်မည့် အချိန်ကာလ ဖြစ်သောကြောင့် ထီကို ကံစမ်းသင့်သည်။ ဆုမဲကိစ္စ ငွေကြေးကိစ္စများ အထူး အောင်မြင်နိုင်သည်။ လက်ဝတ်ရတနာများလည်း ဝင်ကိန်း ရှိသည်။

မည်သည့်အခက်အခဲ မဆို မိမိမှ ဖြေရှင်းစရာ အထူးအထွေ မလိုပဲ ပြေလည် သွားမည်။ အချိန်ကာလ အတော်ကြာကြာ ဝေးကွာနေသူများနှင့် ပြန်လည် ဆုံတွေ့ရခြင်း အဆက်အသွယ်ရခြင်းများ ကြုံမည်။ ငယ်ရွယ်သူများအတွက် အချစ်ရေး မေတ္တာရေး အင်မတန် ကောင်းမွန်လှသည်။ စန်းပွင့်ခြင်း နှင့် ချစ်သူနှင့် ပြေလည်ခြင်း ရည်ရွယ်ချက် ရည်မှန်းချ

က်များ အောင်မြင်နိုင်မည်။ အိမ်ထောင်သည်များ အိမ်ထောင်ရေး အခြေအနေ အနည်းငယ် ကတောက်ကဆ ဖြစ်တတ်သည်။ သို့သော် စိုးရိန်စရာ မရှိပေ။ မိတ်ဆွေ အပေါင်းအသင်း ဆရာသမားကောင်းများ၏ ကူညီမစထောက်ပံ့ပေးခြင်းများ ရရှိမည်။ စီးပွားရေး အလုပ်အကိုင်နှင့် ပါတ်သက်၍ ရည်ရွယ်ချက် ရည်မှန်းချက်များ စတင် အကောင်အထည် ဖော်သင့်သည်။

လုပ်ငန်း တိုးချဲ့သင့်သော အချိန်ကာလလည်း ဖြစ်သည်။ လုပ်မည်ဟု စိတ်ကူးလိုက်သည်နှင့် အမြန်ဆုံးသာ အကောင်အထည် ဖော်ဖို့ တိုက်တွန်းလိုသည်။ စီးပွားရေးနှင့် ပါတ်သက်၍ သိသိသာသာ တိုးတက်ကိန်း ရှိသည်။ မိမိအိမ်မှာ ရှိတဲ့ စက်ပစ္စည်းများ အပျက်အစီး များတတ်သည်။ စက်ပစ္စည်း အလဲအလှယ် မလုပ်သင့်သေး၊ ကိုယ့်လက်ထဲရောက်မှ မကောင်းသော ပစ္စည်း ဖြစ်နေတတ်သည်။ ကျန်းမာရေးနှင့် ပါတ်သက်၍

သင်၏ မျက်စိနှင့် ပါတ်သက်၍ ဝေဒနာ ခံစားရတတ်သည်။ ဆီးအောင့်ခြင်း ဖြစ်တတ်သည်။

အစာမှား ဆေမှား ဖြစ်တတ်သည်။ အစာ အဆိပ်သင့်တတ်သည်။ မည်သို့ပင် ဆိုးစေကာမူ သင်၏ ကံဇာတာ ကောင်းမွန်သော အချိန်ကာလ ဖြစ်သည့်အတွက် ထီကံချဲကံ ကောင်းသည်။ ထီထိုးလိုပါက (၂၄) (၄၂)အတွဲ ပါအောင် ထိုးသင့်သည်။ ယတြာချေလိုပါက ဘုရားရင်ဘတ်တော်တွင် ရွှေသင်္ကန်းကပ်လှူပါ။ ခေါင်းလောင်းလှူပေးပါ။ သံဃာတော် အရှင်မြတ်တို့အား ရေလှူဒါန်းပါလေ။

တနင်္လာသားသမီးများအတွက်

ဒီလအတွင်းမှာ စီစဉ်ထားခြင်း မရှိဘဲ ရုတ်တရက် ကောက်ကာငင်ကာနှင့် ခရီးသွားရတတ်ပါတယ်။ ကောင်းသောခရီး ဖြစ်မယ်။ ကိုယ်ရည်ရွယ်ထားတာတွေ ရည်မှန်းထားတာတွေ ဒီအချိန်မှာ လွယ်လင့်တကူ ဖြစ်မြောက် အောင်မြင်လိမ့်မည်။ ငွေတွေဘာတွေ ကျပျောက်တာလေးတော့ ဖြစ်တတ်ပါတယ်။

မိမိနှင့် ဝေးရပ်က အလုပ်အကိုင်နှင့် ပါတ်သက်ပြီး အဆက်အသွယ်လေးတွေ ရလာလိမ့်မယ်။ လုပ်ဖြစ်ပါက အောင်မြင်နိုင်သည်။ ဘာသာရေးကိစ္စ အဓိဋ္ဌာန်ကိစ္စ ပညာရေးကိစ္စများအတွက် ခရီးထွက်ရလိမ့်မည်။ ထူးခြားသော ဘာသာရေးနှင့် ပါတ်သက်သော ပုံတော်များ ရုပ်ပွားတော်များ ရရှိမည်။ မိတ်ရင်းဆွေရင်း ဆရာရင်း သမားရင်းတွေနဲ့ အဆင်မပြေ ဖြစ်တတ်ပါတယ်။

အမျိုးသားတွေ မိန်းမကိစ္စ နှင့် ဆက်နွယ်ရေး နာမည် ဂုဏ်သိက္ခာ ကျဆင်းတာ ၊ စွပ်စွဲပြောဆိုခံရတာ ကြုံရတတ်ပါတယ်။ ဂရုစိုက်ပါ။ အလုပ်အကိုင် နေရာထိုင်ခင်း အပြောင်းအရွေ့တွေ စီစဉ်ဆောင်ရွက်ရင် အောင်မြင်နိုင်တယ်။ တောင်အရပ်မှ လူမျိုးခြား ဘာသာခြား ကောင်းကျိုးပြုမည်။ သားသမီး အလိုရှိသူများ သားသမီး ဝင်ကိန်းရှိသည်။

ပျိုရွယ်သူများ အချစ်ရေး ကံကောင်းသည်။ ချစ်သူနှင့် အိမ်ထောင်ပြုရန်ကိစ္စ အဆင်ပြေမည်။ ကျန်းမာရေး ထူးထူးထွေထွေ ညံ့ခြင်း မရှိပါ။ ဗိုက်အောင့်ခြင်း အနည်းငယ် ဖြစ်တတ်သည်။ ထီဝါသနာပါသူများ ရှေ့ဆုံးမှ (၆၄)ပူးနေသော ဂဏန်းကို ထိုးသင့်ပါတယ်။ ယတြာအနေနှင့်ကတော့ ရှောက်သီးသုတ် ဆွမ်းတော်တင်ပါ။ ကိုယ်တိုင်လည်း စားပါ။ အုန်းနို့ခေါက်ဆွဲကို ပဲသွေးနှင့်ချက်ကာ လေးဆင့်ချိုင့်နှင့်ထည့်၍ အနီးအပါး လှူဒါန်းပါလေ….။

အင်္ဂါသားသမီးများအတွက်

ဒီလအတွင်းမှာ သင်၏ ရည်ရွယ်ချက်များ ရည်မှန်းချက်များ ပြည့်၀ အောင်မြင်မည့် အချိန် ဖြစ်တယ်။ ပြောရရင်တော့ လိုအင်ဆန္ဒတွေ ပြည့်စုံနိုင်တာပေါ့။ ခြံကိစ္စ ၊ ကားကိစ္စ ၊ ကျောက်ကိစ္စ ၊ ငွေကြေးကိစ္စတွေ ပြောဆို အောင်မြင်တတ်ပါတယ်။ ဝယ်ဖို့ရည်ရွယ်ရင်လည်း ဝယ်ဖြစ်တတ်ပါတယ်။ မိတ်ဆွေသင်္ဂဟများကလည်း ကိုယ်ဆီကိုလာပြီး အလုပ်စီးပွားများ တွဲဖက် လုပ်ကိုင်ဖို့ စီစဉ်မည်။

ကိုယ်ကလည်း အလို ပြည့်စုံမည်။ ကိုယ့်မှာရှိတဲ့ လက်ဝတ်တန်ဆာ ရွှေတွေကိုတော့ သတိထားပါ။ ကျပျောက်တတ်ပါတယ်။ ကိုယ်စီးနေတဲ့ ယဉ်တွေကတော့ အပျက်အစီးလေးတွေ များတတ်တဲ့ ကာလဖြစ်ပါတယ်။ ငွေတွေကလည်း အစုလိုက် အပြုံလိုက် ဝင်လိမ့်မည်။ အင်မတန် လာဘ်ရွှင်မယ့် အချိန်ကာလပါပဲ။ ထီတွေဘာတွေ ကံစမ်းတာတောင် မဟုတ်ဘူး။ သေသေချာချာ

ထိုးသင့်ပါတယ်။ လူမျိုးခြား ဘာသာခြား နိုင်ငံခြားသားများနှင့် ပူးတွဲပေါင်းစပ် အကျိုးပေးမည်။

ထီးတစ်လက် ဒါမှမဟုတ် ဖိနပ်တစ်ရံ လက်ဆောင်ရဖို့ ရှိပါတယ်။ အင်မတန် ကောင်းပါတယ်။ အိမ်တွင်းရေး ပူပင်သောကလေးတွေ ရှိပါတယ်။ ကိုယ့်မိသားစုနှင့် အတိုက်အခံ ပြောဆိုနေရတတ်ပါတယ်။ အိမ်ကိစ္စ အမွေကိစ္စ ဒီအချိန်မှာ စကားပြောရတတ်တယ်။ မတင်မကျလည်း ဖြစ်တတ်ပါတယ်။

ကိုယ့်မှာ အရွယ်ရောက်ပြီးတဲ့ သားသမီးတွေ ရှိရင် သူတို့အတွက် စိတ်ပူရတတ်ပါတယ်။ လူငယ်တွေအတွက်ကတော့ အချစ်ရေး မေတ္တာရေး အင်မတန် ကောင်းပါတယ်။ လူငယ်တွေ စန်းပွင့်မယ့် အချိန်ကာလပါပဲ။ ချစ်သူနှင့် စိတ်သဘောထားခြင်း တိုက်ဆိုင်မှု့ ရမယ်။

အိမ်ထောင်ရှိသူတွေ အနေနှင့်ကတော့ အိမ်ထောင်ရေးမှာ ကတောက်ကဆလေးတွေ ဖြစ်တတ်ပါတယ်။ ကျန်းမာရေး အနေနှင့်ကတော့ လေအောင့်တာ ဖြစ်တတ်ပါတယ်။ ဝက်သား ရှောင်ပါ။ အရက်ရှောင်ပါ။ ထီထိုးရင်တော့ (၂-၇-ဝ)ပါအောင် ထိုးပါ။ ယတြာအနေနှင့်ကတော့ နန်းကြီးသုတ် အလှူဒါနပြုပါ။ ငွေထီး လှူပါ။ တံခွန်လှူပါလေ..။

ဗုဒ္ဓဟူးသားသမီးများအတွက်

ဒီလအတွင်းမှာ ပညာရေးနှင့် ပါတ်သက်သော ကိစ္စများ အထူးအောင်မြင်မည်။ ပညာရပ် တစ်ဖက် တွဲဖက် လုပ်ကိုင်ရသော လုပ်ငန်းများ အထူး အောင်မြင်မည်။ မိတ်ဆွေ ဆရာသမားများ အထူးချစ်ခင် အလိုလိုက်ခြင်း စောင့်ရှောက်ခြင်း အကျိုးခံစားရခြင်း ဖြစ်မည်။ အကျိုးပေးသော စက်ပစ္စည်း ဝင်မည်။

အကြိမ်ကြိမ် အခါခါ လုပ်ဆောင်ရင်း အဆင်မပြေခဲ့သော လုပ်ငန်းဆောင်တာများ ယခုတစ်ကြိမ် လုပ်ဆောင် အောင်မြင်လိမ့်မည်။ စိတ်ပိုင်းဆိုင်ရာ အားဖြင့် အထူးစိတ်ချမ်းသာစွာ နေထိုင်ရမည်။ ရည်ရွယ်ထားသမျှ အောင်မြင်မည်။ ရည်မှန်းထားသမျှ ခရီးပေါက်မည်။ အရောင်းအဝယ် သမားများ ရောင်းပန်းဝယ်ပန်း အထူးပွင့်လန်းမည်။

လုပ်ငန်းများ အထူး တိုးချဲံသင့်သော အချိန်ကာလ ဖြစ်သည်။ ပြည်တွင်း ပြည်ပ ခရီးစဉ်များ လွယ်ကူ ချောမောစွာ အောင်မြင်မည်။ ရပ်ဝေးမြေခြားမှ အဆက်အသွယ်ကောင်းများ ရရှိလိမ့်မည်။ ဘာသာရေးနှင့် ပါတ်သက်သော အဓိဋ္ဌာန်များ ထူးထူးခြားခြား ပေါက်မြောက် အောင်မြင်ပါလိမ့်မည်။

ကြာသပတေးနံ အင်္ဂါနံနှင့် ပါတ်သက်သော လုပ်ငန်းဆောင်တာများ ထူးထွေ အောင်မြင်မည်။ အထူးအားဖြင့် မိမိတို့၏ သက်ကြီးရွယ်အို မိဘများကို ကောင်းမွန်စွာ လုပ်ကိုင် ကျွေးမွေး ပြုစုနိုင်သော အချိန်ကာလ ဖြစ်သည်။ အိုးအိမ် နေရာထိုင်ခင်း အသစ်ဝင်ကိန်း ရှိသည်။

ဝန်ထမ်းများ ရာထူးတိုးမည့် အချိန်ကာလ ဖြစ်သောကြောင့် ရာထူးတိုး စာမေးပွဲများ ရှိပါက စိတ်ရွှင်လန်းစွာ ဖြေဆိုသင့်သည်။ ကာလအတန်ကြာ အရှုံးပေါ်နေသော ပစ္စည်းများ ချက်ချင်းဆိုသလို မြတ်စွန်းသွားလိမ့်မည်။ အခက်အခဲမှန်သမျှ ပြေလည်သွားလိမ့်မည်။ အိမ်ထောင်ရေးနှင့် ပါတ်သက်၍

အထူး သာယာမည်။ မိသားစု ပျော်ရွှင်ချမ်းမြေ့မည်။ ငယ်ရွယ်သူများ အချစ်ရေး မေတ္တာရေး အင်မတန် ကံကောင်းမည်။ မိမိတို့၏ ချစ်သူနှင့် လက်ထပ်ရန် ရည်ရွယ်ပါက အောင်မြင်မည်။ မင်္ဂလာကိစ္စ ဆောင်ရွက်ရကိန်း ရှိသည်။ လူကြီး မိဘ သဘောတူ ကြည်ဖြူကိန်း ရှိသည်။ ကံဇာတာ ကောင်းမွန်နေသောကြောင့် ထီကံကောင်းပါသည်။

ထီထိုးသင့်သည်။ ထီထိုးပါက (၃၅)(၅၃) အတွဲပါသော ဂဏန်းကို ရှာထိုးသင့်ပါသည်။ ကျန်းမာရေး အနေနှင့် ဒူးနာတတ်သည်။ ရင်ဘတ်အောင့်တတ်သည်။ သို့သော် စိုးရိမ်စရာမလိုပါ။ ယတြာချေလိုပါက မြတ်စွာဘုရားရှင်အား စံပယ်ပန်း(၈)ကုံး လှူဒါန်း၍ လိုရာ ဆုတောင်းပါလေ။

ကြာသပတေးသားသမီးများအတွက်

ဒီလအတွင်းမှာ သင့်အတွက် ကံဇာတာကတော့ မိသားစု အလုပ်အကိုင် စီးပွားရေးတွေ ထူးထူးခြားခြား တိုးတက်လာမည်။ အိုးအိမ်ကိစ္စ ၊ နေရာထိုင်ခင်းကိစ္စ တွေမှာလည်း ထူးထူးခြားခြား တိုးတက် အောင်မြင်ခြင်း မိသားစု ရည်ရွယ်ချက် ရည်မှန်းချက်များ ပြည့်၀ အောင်မြင်မှု့ရရှိမည်။ အလုပ်အကိုင်နှင့် ပါတ်သက်၍ မြောက်အရပ် ၊ အရှေ့မြောက်အရပ်တွေမှာ အခွင့်အရေး အခွင့်အလန်းများ ရှာဖွေသင့်သည်။

ထိုအရပ်ဒေသများတွင် အောင်မြင်မှု့ ရရှိနိုင်သည်။ မိမိနေအိမ်သို့ အသက်အရွယ် ကြီးရင့်သော ရဟန်း သံဃာတော် တစ်ပါး ထူးထူးခြားခြား ကြွရောက်လာမည်။ အလွန်ကောင်းသော နိမိတ်ဖြစ်သောကြောင့် သင့်အနေနှင့် တတ်နိုင်သလောက် အလှူဒါန ပြုအပ်ပေသည်။ မိမိတို့အတွက် အလုပ်တွင် အကြီးအကဲများ၏ ကူညီပံ့ပို့ပေးခြင်း ၊ ချစ်ခင် စောင့်ရှောက်ခြင်းများ ရရှိမည်။

သင်သည် ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းအလုပ်တွင် ပစ်စာတိုင်စာ ခံရတတ်သည်။ အမှု့အခင်း ပြဿနာများ ဖြေရှင်းစရာများ ကြုံရတတ်ပေရာ အထူးသတိထားသင့်သည်။ အထူးအားဖြင့် မိမိ၏ လက်အောက်ငယ်သားများ၏ တော်လှန်ပုန်ကန်ခြင်း ခံရတတ်ပါတယ်။ ပြန်လည် အာခံခြင်း ကြုံရတတ်ပါတယ်။

ကားမောင်း ဆိုင်ကယ်မောင်းတာတွေကိုလည်း ဂရုစိုက်သင့်၏။ အသက်ကို မထိခိုက်သည့်တိုင်အောင် ယဉ်အန္တရယ် ဖြစ်တတ်၏။ ဤအချိန်ကာလတွင် သင်သည် မည်သူ တစ်စုံတစ်ယောက်ကိုမျှ ယုံကြည်ခြင်း မပြုအပ်ပေ။ လူယုံက ဒုက္ခပေးခြင်း ခံရတတ်သည်။ ငွေကြေးကိစ္စများနှင့် ပါတ်သက်၍ ဖြေရှင်းရတတ်သောကြောင့် ချေးငှားခြင်း အာမခံခြင်း မပြုသင့်၊ ရှောင်ကြည်သင့်၏။

မျက်လုံးပျက်သောသူ မျက်စိစွေသောသူ ဒုက္ခပေးခြင်း ခံရတတ်တယ်။ လူမှုရေး ပြဿနာ များတတ်သည်။ ကျန်းမာရေး အနေနှင့်ကတော့ ဆီးပူညောင်းကျ ဖြစ်ခြင်း ဆီးအောင့်ခြင်း မျက်စိနာခြင်း မျက်မှန်ပါဝါ တိုးရခြင်း ဖြစ်တတ်ပါတယ်။ ဆေးထိုးဆေးသောက် မှားတတ်သည်။ လောင်းကစား လုပ်ငန်းများ ဖြတ်လမ်းစီးပွားရေးများ လုံး၀ မပြုလုပ်သင့်၊ ဘဝပျက်သည့်အထိ ဒုက္ခဖြစ်တတ်သည်။ ထီထိုးခြင်းကို ဝါသနာပါပါက

(၁၆) (၆၁) ပါသော ထီအတွဲကို ထိုးပါ။ အိမ်ထောင်ရှိသူများအတွက် အိမ်ထောင်ရေး ကံကြမ္မာ အကောင်းဘက်မှာ ရှိပါတယ်။ သာယာခြင်း အဆင်ပြေခြင်း ချမ်းမြေ့ခြင်းများ ရရှိမည်။ လူငယ်များအတွက် အချစ်ရေး ရှုပ်ထွေးမည်။

ကြားလူ အနှောင့်အယှက် ပြုခြင်း ခံရတတ်သည်။ ကြားလေသွေးလေ ဝေးရတတ်သည်။ သင်၏ ကံဇာတာ အညံ့အခိုက်များ ပြေပျောက်စေပြီး ကောင်းကျိုးများ ပြည့်စုံစေရန်အတွက် သံဃာတော်တို့အား သတ်သတ်လွတ် ဟင်းလျာ လှူဒါန်းပါလေ။

သောကြာသားသမီးများအတွက်

ဒီလအတွင်း သင်၏ ကံဇာတာကတော့ ကံကြမ္မာကောင်းများ အပြောင်းအလဲ ဖြစ်နိုင်သော အချိန်ကာလ ဖြစ်သည်။ ကံကြမ္မာ အခွင့်အရေး အခွင့်အလန်းကောင်းများ ရရှိကြုံဆုံမည်။ အထူးအားဖြင့် ဝင်ငွေကောင်းသလို ငွေကြေးအကုန်အကျများလည်း များတတ်သော အချိန်ကာလ ဖြစ်၏။ ပြီးခဲ့သော အချိန်ကာလက ကြုံတွေ့ခဲ့ရသော အခက်အခဲများ ပြဿနာများ ပြေလည်မည်။ ဖြေရှင်းနိုင်မည်။

ဒီအချိန်မှာ သင့်အတွက် တစ်ခုသတိထားရမည်မှာ ကိုယ့်အတွက် အကျိုးလုံး၀ မရှိသော အလုပ်များလည်း လုပ်ကိုင်နေရတတ်သည်။ တစ်ခု ပျော်စရာ ကောင်းသည်မှာ သင်၏ စိတ်သည် အပျော်အရွှင်ဆုံး အချိန်ဖြစ်သည်။ သင်ကိုယ်တိုင် သင်၏ ကံဇာတာများ ကောင်းမွန်နေသည်ဟူ မိမိကိုယ် မိမိ ယုံကြည်မှု့ ရနေမည်။ စိတ်ဓာတ်များလည်း အလိုလို တက်ကြွနေလိမ်မည်။ အလုပ်အကိုင် အသစ်များ ဖန်တီးနိုင်မည်။

အဆက်အသွယ်ကောင်းများ အဆက်အသွယ် အသစ်များ ရမည်။ မိတ်ရင်းဆွေရင်း ဆရာသမားရင်းများနှင့် အဆင်မပြေ ဖြစ်တတ်သည်။ အိမ်ထောင်သည်များ သားသမီး ရင်သွေးရတနာ ထွန်းကားမှု့ ရရှိမည်။ ခြေနှစ်ချောင်း ဝင်ကိန်း ရှိ၏။ ရွှေထွက်ကိန်း ရှိသည်။ ရွှေပေါင်ရတတ်သည်။

ဆရာအတုဆရာယောင်များနှင့် ကြုံရတတ်သည်။ အမွေနှင့် ပါတ်သက်သော ကိစ္စများ မရှင်းမလင်း ဖြစ်မည်။ မတင်မကျ ဖြစ်မည်။ စကားအပြောအဆို မအောင်မမြင် ဖြစ်မည်။ ဒီအချိန် မပြောသင့်ပေ။ အိုးအိမ်နေရာထိုင်ခင်း နှင့် ပါတ်သက်သော ကိစ္စများ အဆင်ပြေ တိုးတက်မှု့ အောင်မြင်မှု့ရရှိမည်။ မိမိ၏ ဖခင်နှင့် ဆက်နွယ်နေသော အမျိုးအဆွေများဘက်မှ ကူညီထောက်ပံ့ပေးခြင်းများ ရရှိတတ်သည်။

ဒီအချိန်တွင် သင်၏ ပြောစကားဆိုစကား အောင်မြင်မှု့ ရရှိမည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေးတွင် တစ်ယောက်နှင့်တစ်ယောက် သံသယ ပွားရတတ်သည်။ အမြင်မကြည်မလင် ဖြစ်ရတတ်တယ်။ ငယ်ရွယ်သူများ အချစ်ရေး မေတ္တာရေးတွင် အနှောက်အယှက် အနည်းငယ် ကြုံရတတ်သည်။ အထူးအားဖြင့် ကြားလူ အနှောက်အယှက် ဝင်တတ်သည်။

သတိထားရမည်မှာ မလွတ်လပ်သော သူများနှင့် ချစ်ကြိုးသွယ်မိတတ်သည်။ ကျန်းမာရေးနှင့် ပါတ်သက်၍ ဝမ်းဗိုက် မကောင်း ဖြစ်တတ်သည်။ ဝမ်းပျက် ဝမ်းလျော ဖြစ်တတ်သည်။ ထီထိုးခြင်းကို ဝါသနာ ပါသူ ဖြစ်ပါက (၁၃)(၃၁) ပါသော ဂဏန်းကို ရှာ၍ ထိုးပါလေ။ ယတြာအနေနှင့် အိမ်ဘုရားတွင် အုန်းနို့ခေါက်ဆွဲ လှူဒါန်း၍ လိုရာဆုတောင်းပါလေ။

စနေသားသမီးများအတွက်

ဒီလအတွင်းမှာ သင့်အတွက် ကံဇာတာကတော့ စိတ်မော လူမောဖြစ်ရတတ်ပါတယ်။ ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေ ကိုယ်ကြွေးမွေး ပြုစုထားခဲ့တဲ့ လူတွေက ကိုယ့်ကို ပြန်ပြီး တော်လှန်တာ ပုန်ကန်တာ ကြုံရတတ်တဲ့ အတွက်လည်း စိတ်ညစ်ရ ဒေါသဖြစ်ရတွေ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင်တော့ သင့်ကို ပြောချင်တာက စကားနည်းနိုင်သမျှ နည်းပါ။

လိုအပ်သလောက်ပဲ ပြောပါ။ ကိုယ်က အလိုလိုနေရင်း သူတစ်ပါးက လာပြီး တိုက်ခိုက်တာ ပုတ်ခတ်တာ ရန်စတာတွေလည်း ကြုံရတတ်ပါတယ်။ ဒီအချိန်မှာ အပိုင်းနှစ်ပိုင်း ရှိတယ်။ တစ်ပိုင်းက စိတ်ပိုင်းဆိုင်ရာပေါ့။ စိတ်ပိုင်းဆိုင်ရာကတော့ စိတ်ညစ်ရမယ်။ အလုပ်အကိုင် ရာထူး ဋ္ဌာနန္တရတွေမှာတော့ တိုးတက်မှု့တွေ ကြုံမယ်။

နိုင်ငံခြားတိုင်းပြည်တွေနဲ့ ပါတ်သက်တဲ့ ကိစ္စတွေမှာဆိုရင်လည်း အောင်မြင်မှု့တွေ အကျိုးအမြတ်တွေ အကျိုးခံစားခွင့်တွေ ရရှိတတ်ပါတယ်။ ငွေကြေးကိစ္စ အတွက် စိတ်ညစ်ရမယ်။ ဖြစ်နိုင်ရင် ပိုက်ဆံချေးတာ ကြားထဲက အာမခံပေးတာ မလုပ်သင့်ပါဘူး။ ဆုံးရှုံးတတ်တယ်။

ကိုယ်က စိုက်ပြီး လျှော်ပေးရတတ်ပါတယ်။ အလိုလိုနေရင်းက စိတ်ညစ်နေရာ ၊ စိတ်ရှုပ်ထွေးနေတာ ၊ ဘာကိုမှ စိတ်မဝင်စားတာတွေ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင်တော့ ဘာသာရေး များများ လုပ်ပေးသင့်ပါတယ်။ စိတ်ကို တည်ငြိမ်အေးချမ်းစေအောင် တရား ထိုင်ပေးသင့်ပါတယ်။ ကောင်းတာလေးတွေလည်း ရှိပါသေးတယ်။ အဲဒါက ဘာလဲဆိုတော့ အဖွဲ့အစည်းတွေမှာ ကိုယ်က ဝင်ပါရတတ်ပါတယ်။

ဘာသာရေး လူမှု့ရေး စတဲ့ အဖွဲ့အစည်းတွေမှာ ကိုယ်က နေရာရတာ နာမည် ဂုဏ်သတင်း ကျော်ဇောတာ အရှိန်အဝါ မြင့်မားတာတွေ ရှိတတ်ပါတယ်။ ကျန်းမာရေး အနေနဲ့ကတော့ လှေကားပေါ်က ခြေချော်ကျတတ်တယ်။ ခါးနာသွားတတ်တယ်။ အမြင့်တွေ ဘာတွေက ချောကျတတ်ပါတယ်။ သတိထားပါ။ အချစ်ရေး မေတ္တာရေးကတော့ အင်မတန် ရှုပ်ထွေးမယ့် အချိန်ကာလ ပါပဲ။ ကြားလေသွေးလို့ ဝေးရတတ်ပါတယ်။ မနာလိုမှု့ သဝန်တိုမှု့တွေ အမြင့်ဆုံးထိ ထိုးတက်လာတတ်ပါတယ်။

လောင်းကစားကတော့ အကျိုးမပေးဘူး။ လုံး၀ မလုပ်ပါနှင့်။ ထီထိုး ချင်တယ်ဆိုရင်တော့ (၅)အစ (ဝ)အဆုံး ကိုရှာပြီး ထိုးပါ။ ဘာပဲဖြစ်ဖြစ် သင့်ကံဇာတာ အညံ့အခိုက်လေးများ ပြေပျောက်သွားအောင် ယတြာတော့ ချေသင့်ပါတယ်။ ဒန်ပေါက် ထမင်းတစ်ထုပ်ကို ဆွမ်းခံကြွသော သံဃာတော်ကို ဒါနပြုပါလေ..။ အထက်ပါ ယတြာကို မကြာခန ဆောင်ရွက်ပါ။

Credit