Celebrity

တကယ်ကို ဇနီးမယားကောင်းပီသလွန်းလို့ စာဖွဲ့ပြီးတောင် ချီးကျူးခံလိုက်ရတဲ့ သရုပ်ဆောင် မင်းမော်ကွန်းရဲ့ချစ်ဇနီး

ပရိတ်သတ်ကြီးရေ….သရုပ်ဆောင်မင်းမော်ကွန်းကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့ အတူအမှတ်တရားဘက်ကတစ်သားတည်းပါဝင်ခဲ့ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကဖြင့်မတရားအမှုဖွင့်ထားခြင်းခံရတာကြောင့်ဘေးလွှတ်ရာကိုရှောင်တိမ်းနေရပါတယ်နော်။

မင်းမော်ကွန်းကပြီးခဲ့တဲ့လတွေတုန်းကဆိုရင်လွှတ်မြောက်နယ်မြေသို့ရောက်ရှိသွားပြီးဇနီးဖြစ်သူ၊သားသမီးဖြစ်သူများပါဘေးကင်းကင်းနဲ့ရောက်ရှိသွားပါတယ်၊

အခုတစ်ခါမှာဆိုရင်လဲပရိတ်သတ်တစ်ဦးကသရုပ်ဆောင်မင်းမော်ကွန်းရဲ့ဇနီးဖြစ်သူကိုအခုလိုချီးကျူးစကားပြောလိုက်ပါတယ်နော်။ဘာမှမမြင်ဘူးမင်းမော်ကွန်း မိန်းမပဲမြင်တယ်၊တစ်ကယ်အားကျတယ်၊ဆယ်တန်းအောင်နိုင်ငံခြားမှာကျောင်းတက်ခါနီးခိုးမယ်ဆိုတော့လဲနိုင်ငံခြားမသွားဘဲခိုးရာလိုက်တယ်။

ယောက်ျားကတော်ရုံပွဲလူရှုပ်လို့ဆိုပြီးငါမင်းသားမိန်းမဆိုပြီးလိုက်မနေဘူး ၊နောက်ပိုင်းမှမင်းမော်ကွန်းမိန်းမဆိုတာကိုမြင်ရတာ၊ဒါတောင်သူကသိပ်ပြီးဟိုဟာလုပ်ဒီဟာလုပ်လိုက်ပြောလေ့မရှိဘူး။

အခုလဲအောင်မြင်နေတာပိုက်ဆံကော၊နာမည်ကောကျော်ကြားမှုကော၊ကိုပစ်ပြီးတောခိုမယ်ဆိုတော့လဲအကိုရယ်မိသားစုရှေ့ရေးတို့သား သမီးတွေရှိတယ်လေတို့ငွေတွေကိစ္စတို့တစ်ခွန်းမပြောဘူး။

တစ်ကိုယ်ကောင်းသမားကျွန်မတို့တော့မလိုက်နိုင်ဘူးတစ်ခွန်းမပြောဘူး၊သားသမီးတွေမွေးထားပြီးလုပ်ချင်တာလျောက်လုပ်နေတယ်၊တော်ပါတော့အဆင်ပြေပြေပဲနေချင်တယ် တစ်ခွန်းမပြောဘူး၊တစ်ကယ်ရှားတဲ့သူလိုမိန်းမဆိုပြီးတော့ရေးသားဖော်ပြ ထားပါတယ်၊

Credit