Sports

ပြောင်းလဲလာတဲ့ စတိုင်းသစ်တွေနဲ့ စွမ်းဆောင်ရည်မြင့်မားလာတဲ့ တိုက်စစ်မှုး ဂရင်းဝုဒ်

မန်ချက်တာ ယူနိုက်တတ် အသင်း တိုက်စစ်မှုး ဂရင်းဝုဒ် ဟာ ပရီးမီးယားလိဂ်ရဲ့ အသင်းအငယ်ဆုံး သွင်းဂိုးစံချိန် ရရှိထားတဲ့ ကစားသမားဖြစ်တယ်။

ယူနိုက်တတ်အသင်းအတွက် အားကိုးအားထား အဓိတိုက်စစ်မှူး တစ်ယောက် ဖြစ်ဖို့ လုံလောက်တဲ့ အရည်သွေးနဲ့ ခြေစွမ်းပြ နေပေမယ့် နည်းပညာဆိုးလ်ရှား အနေနဲ့ ဒီရာသီမှာ ပထမဆုံးမှာ အထောင်တိုက်စစ်မှုးအဖြစ် ပါဝင်ခဲ့ကာ သွင်းဂိုး တဂိုးရယူနိုင်ပါတယ်။

ပွဲစဥ်၂မှာ နည်းပြဆိုးလ်ရှား ဟာ မာရှယ်ကို အထောင်တိုက်စစ်မှုးအဖြစ်ထားက ဆောက်သမ်တန် ကို ယှဥ်ပြိုင် ခဲ့ရပါတယ်၊၁ – ၁ဆိုတဲ့ ရလဒ်ထွက်ခဲ့ကာ တိုက်စစ်မှုး ဂရင်းဝုဒ်ကပဲ အဆိုပါ သရေတစ်မှတ်ရရှိဖို့ သွင်းဂိုး တဂိုးသွင်းယူခဲ့ပါတယ်။

ပွဲစဥ်၃မှာလည်း ဝှဗ်အသင်းကို တလုံးတည်းသော အနိုင်ဂိုးနဲ့ ရမှတ် ၃ မှတ် ယူနိုက်တတ် အတွက် ရယူပေးခဲ့ကာ ပရီးမီးယားလိဂ်ရဲ့ ဇယားမှာ အဆင့်၃ ရောက်အောင် ​တတ်လှမ်းလာပါတယ်။

ဂရင်းဝုဒ်ရဲ့ သွင်းဂိုးတွေက ယူနိုက်တတ်အသင်း ရလဒ်ကောင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်၊ ပြောင်းလဲတိုးတတ်လာတဲ့ ဂရင်းဝုဒ်ရဲ့ ခြေစွမ်းတွေနဲ့ ယူနိုက်တတ်ရဲ့ အပြောင်းရွှေ့မှာ ခေါ်ခဲ့တဲ့

ဆန်ချို ၊ ဗာရန် ၊ ရော်နယ်ဒို တို့ ကစားသမား အင်အားကောင်းကောာင်းနဲ့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူပြမလားဆိုတာ စောင့်ကြရပါမယ်။

Photo Credit To Owner
Internet Source
SportsGaber