Sports

အဖွင့်ပွဲတုန်းက ၂-၀နဲ့ ရှုံးတာမကျေနပ်လို့ ဒီနေ့ကစားတဲ့ တံခါးပိတ်ခြေစမ်းပွဲမှာ ဂိုးပြတ်သွင်းပြီး အနိုင်ယူခဲ့တဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ လန်ဒန်ကော်နေး လေ့ကျင့်ရေးကွင်းမှာ တန်းတက် ဘရန့်ဖိုဒ့် အသင်း နဲ့ တံခါးပိတ် ခြေစမ်းပွဲ ကစားခဲ့ပြီး ၄ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ် ။ ဒီကနေ့ အာဆင်နယ် အသင်း နောက်တန်းမှာ ကိုဗစ်က ပြန်လည် သက်သာလာတဲ့ ဘန်ဝှိုက် နဲ့ ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ ဂါဘရီယဲလ် တို့ ပါဝင် ကစားခဲ့ကြပါတယ် ။

အာဆင်နယ် အသင်းဟာ ဒုတိယပိုင်းမှာ သွင်းဂိုးတွေ ရရှိခဲ့တာ ဖြစ်ပြီး ဂါဘရီယဲလ် (၄၆ မိနစ်) ၊ လာကာဇက် (၆၀’) ၊ ဆီဒရစ် (၇၆’)(၈၉’) တို့က သွင်းယူ ပေးခဲ့ကြတာပါ ။ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာတုန်းကတော့ ဘရန့်ဖိုဒ့်ကို ၂ ဂိုးပြတ် ရှုံးနိမ့် ခဲ့ပါတယ် ။

အာဆင်နယ် အသင်းရဲ့ line-up Ramsdale, Chambers, White (Hutchinson 76), Mari, Gabriel (Holding 69), Cedric: Maitland-Niles, Elneny (Patino 33); Martinelli, Lacazette, Pepe

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဥ် (၃)ပွဲမှာ ၃ပွဲစလုံး ရှုံးနိမ့်ထားပြီး ပေးဂိုး (၉)ဂိုးနဲ့ ၁ ဂိုးမှ သွင်းယူနိုင်ခြင်းမရှိပါဘူး။ အဖွင့်ပွဲစဥ်မှာ တန်းတက်အသင်းကို ရှုံးနိမ့်ကာ ဖိအားတွေအောက်ကို ကျရောက်ခဲ့ပေမယ့် နောက်ထပ်တွေ့တဲ့ အသင်းက ဥရောပချန်ပီယံ ဖြစ်နေတဲ့ ချဲလ်ဆီးကို ၂ဂိုးပြတ်နဲ့ ထပ်ရှုံးခဲ့ပါတယ်။

နောက်ပွဲကလည်း ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်နည်းပြ အာတီတာရဲ့ ဆရာ ပတ်ဂွာဒီဒိုလာကိုင်တဲ့ မန်စီးတီးနဲ့တွေ့တော့လည်း ၅ ဂိုးပြတ်ရှုံးခဲ့တာကြောင့် အာတီတာကို အာဆင်နယ်က ထွက်ဖို့ ပရိတ်သတ်တွေက တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ နွေရာသီစျေးကွက်မပိတ်ခင်မှာ အာတီတာအတွက် နောက်တန်းကစားသမား ဂျပန်တစ်ဦးကို စီးရီးအေကထပ်မံခေါ်ယူပေးခဲ့တာကြောင့် အာတီတာရဲ့ Trust the processကို ယုံကြည်နေသေးတဲ့ အနေအထားမှာ ရှိပါတယ်။

ဒါ့အပြင် ၅ ဂိုးပြတ်သွင်းတဲ့ မန်စီးတီးနည်းပြ ဂွာဒီဒိုလာကလည်း သူရဲ့တပည့်ဟောင်း အာတီတာကို ဆက်လက်ယုံကြည်ပေးဖို့ အာဆင်နယ်အသင်းကို တောင်းဆိုပေးခဲ့ပါတယ်။နောက်ပွဲမှာတော့ အာဆင်နယ်ဟာ (၃)ပွဲရှုံးခြင်းတူနေတဲ့ နော့ဝှစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရသင့်တဲ့ပွဲမှာ စိတ်ပျက်စရာ ရလဒ်ထွက်ခဲ့ရင်တော့ အာတီတာရဲ့ အနာဂတ်ဟာ ရင်လေးစရာပါ။

ခရက် ဒစ်