Sports

ဆိုးလ်ရှားကို သတင်းကောင်းပါးတဲ့ – ရော်နယ်ဒို

ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ အားထားရတဲ့ တောင််ပံတိုက်စစ် ကစားသမား ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒိုဟာ အိုင်ယာလန် လက်ရွေးစင် အသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားခဲ့ပါတယ်။ ပွဲချိန် 89 မိနစ်မှာတော့ ရော်နယ်ဒိုဟာ ခြေပဂိုး ပြန်လည် သွင်းယူ ပေးနိုင်ခဲ့ပြီး နာကျင်ချိန်ပိုရဲ့ နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးပါ ထပ်ဆင့် သွင်းယူပေးသွားနိုင်ခဲ့ ပါတယ် ။

ဒီဂိုးက ရော်နယ်ဒို အတွက် ပင်နယ်တီ လွဲချော်မှုကို ပြန်လည်် ဖာထေးပေးခဲ့တဲ့ဂိုး ၊ အသင်းကို အဖိုးတန် သုံးမှတ် ရရှိစေခဲ့တဲ့ဂိုး ၊ အလီ ဒါယီ ရဲ့ နိုင်ငံ့ အသင်း အတွက် ဂိုးသွင်း အများဆုံး ဆိုတဲ့ စံချိန်ကို ချိုးဖြတ်ခဲ့တဲ့ ဂိုးပါ ဖြစ်သွားခဲ့ရတဲ့ အတွက် ရော်နယ်ဒိုဟာ အင်္ကျီချွတ်ပြီး စိတ်လွတ်လက်လွတ် အောင်ပွဲခံသွားခဲ့ပါတယ် ။

ထိုအပြုအမူကြောင့် ရောနယ်ဒိုတစ်ယောက် အဝါကဒ်ပြခံခဲ့ရပါတယ်။ အဝါကဒ်က ရှေ့ပွဲကလည်းအပြခံထားရတာကြောင့် စည်းမျဉ်းတွေအရ နောက်ခြေစစ်‌ပွဲ တွေ လွဲချော်မှာပါ။ သွင်းဂိုး‌‌ တွေကြောင့် ပျော်ရွင်နေတဲ့ ယူနိုက်တက်ပရိတ်သတ်တွေအဖို့ ဒီအဝါကဒ်ကြောင့် ပျော်ရွင်စရာနောက်တစ်ခု ရှိလာခဲ့ပါတယ်။

ပေါ်တူဂီဘောလုံအဖွဲ့ချုပ်က ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုအား လာမည့်ပွဲစဥ် (2)ပွဲအတွက် အနားပေးလိုက်ပြီးဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါကြောင့် ၀မ်းသားစရာလို့ ပြောလို့ရပါတယ်။ ယူနိုက်တက်နဲ့ စောစီးစွာ ပူးပေါင်းခွင့်ရပြီလို့ ပြောလို့ရပါတယ်။

စိရော်နယ်ဒိုဟာ ယနေ့မှာကို မန်ချက်စတာမြို့သို့လာရောက်နေပြီးဖြစ်ကြောင်းသိရပြီး သူ့ဘက်က အမြန်နိုင်ဆုံး ယူနိုက်တက်နှင့် လေ့ကျင့်ခန်းအစီအစဥ်ကိုပူး ပေါင်းမည်ဖြစ်ကြောင်းသိရပါတယ်။ ရော်နယ်ဒို‌တစ်ယောက် မန်ချက်စတာကို ရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် ယူနိုက်တက်ပရိတ်သတ်တွေအတွက်တော့ ရင်ခုန်စရာ အခိုက်အတန့်လို့တောင် ပြောလို့ရပါတယ်။

TSSoe