Sports

အောင်ပွဲခံချိန်မှာ အချိုရည်ခွက်တွေနဲ့ ပစ်ပေါက်ခဲ့တဲ့ ဟန်ဂေရီပရိတ်သတ်တွေကို လူတိုင်းသဘောကျစေမယ့်ပုံစံနဲ့ ​တုန့်ပြန်ခဲ့တဲ့ အဂ်လန်အသင်း

မနေ့ညက ကစားတဲ့ ဟန်ဂေရီနဲ့ အဂ်လန်ပွဲစဥ်မှာ ဟန်ဂေရီအသင်းဟာ အဂ်လန်အသင်းကို ၄ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ အဂ်လန်အတွက် သွင်းဂိုးတွေကိုတော့ စတာလင်၊ဟယ်ရီကိန်း၊မက်ဂွိုင်းယားနဲ့ ရိုက်စ်တို့က သွင်းယူခဲ့ပါတယ်။

ဟန်ဂေရီအသင်းဟာ ယူရိုမှာတုန်းက မရဏအုပ်စုဖြစ်တဲ့ ပေါ်တူဂီ၊ပြင်သစ်၊ဂျာမနီတို့နဲ့ တစ်အုပ်စုထဲ ကျရောက်ခဲ့ပေမယ့် ပေါ်တူဂီအသင်းကို ပွဲပြီးခါနီးထိတောင့်ခံနိုင်ပြီးမှ နောက်ပိုင်းသွင်းဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်နဲ့ ဂျာမနီတို့ကို သရေခံကစားနိုင်ခဲ့တာကြောင့် ဟန်ဂေရီအသင်းရဲ့ ခြေစွမ်းကို အံဩသင့်ခဲ့ရပါတယ်။

အဂ်လန်ကတော့ ယူရို ပြိုင်ပွဲမှာ ဖိုင်နယ်အထိတက်ခဲ့ပြီး ဗိုလ်ပွဲမှာ အီတလီကို ပင်နယ်သီနဲ့ ရှုံးနိမ့်ကာ ယူရိုဖလားကို လက်လွတ်ခဲ့ရတာဖြစ်ပါတယ်။

အဂ်လန်အသင်းက စတာလင်ဟာ ဟန်ဂေရီအသင်းဘက်ကို ၅၅မိနစ်မှာ အဖွင့်ဂိုးသွင်းယူပြီး အောင်ပွဲခံချိန်မှာတော့ ဟန်ဂေရီပရိတ်သတ်တွေဟာ အချိုရည်ခွက်တွေနဲ့ စတာလင်ကို ပစ်ပေါက်ခဲ့ကြပါတယ်။ ဒါကို ဟယ်ရီကိန်း၊ ဖီးလစ်နဲ့ လင်ဂတ်တို့က စတာလင်ကို ဝိုင်းဝန်း ကာကွယ်ခဲ့ကြပါတယ်။

 

ရိုက်စ်၊ဂရီးလစ်ခ်နဲ့ စတာလင်တို့ကတော့ ပစ်ပေါက်ခဲ့တဲ့ အအေးတွေကို သောက်ပြပြီး ဟန်ဂေရီပရိတ်သတ်တွေကို အကောင်းဆုံးတုန့်ပြန်ခဲ့ကြပါတယ်။ ဟန်ဂေရီ ပရိတ်သတ်တွေဟာ အဂ်လန်အသင်း ဂိုးသွင်းပြီးလို့ အောင်ပွဲခံတိုင်းပစ်ပေါက်ခဲ့တယ်လို့သိရပါတယ်။

ဟန်ဂေရီပရိတ်သတ်တွေနဲ့ ကိုယ်အသင်းရှုံးတာကို ရဲရဲဝင့်ဝင့်လက်ခံသင့်ပြီး ပြိုင်ဘက်ကစားသမားတွေအပေါ်ကို ခုလိုလုပ်တာဟာ မသင့်တော်နဲ့ အပြုအမှုဖြစ်တဲ့အပြင် ကိုယ့်အသင်းက ကစားသမားတွေကို စိတ်ပျက်စေခဲ့ပါတယ်။ အဂ်လန်အသင်းကိုလည်း ဒေါသပိုထွက်စေပြီး ခုလိုဂိုးပြတ်ထိ သွင်းကာ အနိုင်ယူခဲ့တာကတော့ ချိုမြိန်လွန်းတဲ့ လက်တုန့်ပြန်မှုလို့ပြောရမှာပါ။

Sport evening