Sports

မျှော်လင့်မထားပဲ ဖြစ်လာခဲ့လို့ ကျေးဇူးအရမ်းတင်ကြောင်း ဖွင်ဟပြောဆိုလိုက်တဲ့ – ရော်နယ်ဒို

မျှော်လင့်မထားပဲ ဖြစ်လာခဲ့လို့ ကျေးဇူးအရမ်းတင်ကြောင်း ဖွင်ဟပြောဆိုလိုက်တဲ့ – ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တတ် ဂန္တဝင် ကစားသမားဟောင်း ရော်နယ်ဒို အနေနဲ့ အိမ်ပြန်ခရီး လှပခဲ့ပါတယ်၊ အောင်မြင်မှုတွေ ဆက်တိုက်ဆိုသလို ရယူဖို့ ကြိုးစားနေတဲ့ တိုက်စစ်မှူး အတွက် အသင်းဖော်ကာဗာနီက သူရဲ့ ကျောနံပါတ် ၇ ကို ရောနယ်ဒိုထံလွှဲပေးခဲ့ပါတယ်။

ကျောနံပါတ် ၇ အား လွှဲပြောင်းပေးခဲ့တဲ့ တိုက်စစ်မှုး ကာဗာနီ ကို ရော်နယ်ဒို က ကျေးဇူးတင်စကား ဖွင့်ဟ ပြောကြားလာပါတယ်။

ရော်နယ်ဒိုအနေနဲ့ ယူနိုက်တတ် အသင်းကို ပြောင်းရွှေ့ခဲ့စဥ်က ကာဗာနီဟာ သူ့ရဲ နံပတ် ၇ ကို လွှဲပြောင်းပေးလိမ့်မယ်လို့ မျှော်လင့်မထားကြောင်းသိရပါတယ်။

ရော်နယ်ဒိုကတော့ “တိုက်စစ်မှုး ကာဗာနီ ကို ကျေးဇူးတင်ပါတယ်လို့ ပြောဆိုပါတယ် ဘာလိုလဲဆိုတော့ ကျောနံပါတ် ၇ကို ကျွန်တော် အတွက် သဘောထားကြီးကြီး လွှဲပြောင်းပေးခဲ့တယ် ကျွန်တော်ကတော့ မျှော်လင့်မထားခဲ့ပါဘူး”။

ကာဗာနီကတော့ ကျောနံပါတ် ကို လွှဲပြောင်းပေးကာ နိုင်ငံအသင်းမှာ ကစားနေတဲ့ ကျောနံပါတ် ၂၁ကို ပြောင်းလဲရယူခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အသက် ၃၆ နှစ် ယူနိုက်တတ် ဂန္တဝင်ကစားသမားဟောင်း တိုက်စစ်မှုး တစ်ဦးဖြစ်ကာ အိမ်ပြန်ခရီး ရောက်ရှိမှာလည်း ယူနိုက်တတ် ပရိတ်သတ်တွေရဲ့အချစ်ကို ပိုင်ဆိုင်ထားတဲ့ကစားသမားဖြစ်ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber








Photo Credit To Owner
Internet Source
SportsGaber