Sports

နောက်ဆုံးအခန်းမှာ ပေါင်းစည်းရတဲ့အချစ်ဇာတ်လမ်းမျိုး ပေါ့ – အာဆင်ဝင်းဂါး

နောက်ဆုံးအခန်းမှာ ပေါင်းစည်းရတဲ့အချစ်ဇာတ်လမ်းမျိုး ပေါ့ – အာဆင်ဝင်းဂါး

ယူနိုက်တတ် အသင်းကို ပြန်လည်းရောက်ခဲ့တဲ့အပေါ် အာဆင်နယ် နည်းပြ ဟောင်းကြီး အာဆင်ဝင်းဂါးကတော့ ခံစားချက် ပြောဆို သုံးသပ်တာတွေကို ပြောကြားလာခဲ့ပါတယ်။

ယူနိုက်တတ် အသင်းအနေနဲ့ ရော်နယ်ဒို ခေါ်ယူခေါ်တာဟာ အသင်းအတွက် ပိုကောင်းမွန်လာပေမယ့် ရာနှုန်းပြည့် အကျိုးဖြစ်ဖို့ကတော့ နည်းပြဆိုးလ်ရှား အနေနဲ့ အသင်းကို ဟန်ချက်ညီညီ ဆောက်တည်ဖို့ အရေးကြီးပါတယ်။ဒါဟာ နည်းပြဆိုးလ်ရှား အတွက်လည်း စိန်ခေါ်မှု အပြောင်းအရွှေ့ လို့ သုံးသပ်ခဲ့ပါတယ်။

ဒီပြောင်းရွေ့မှုဟာ စိတ်ခံစားချက်ပိုင်း အနေနဲ့ ဖြစ်ခဲ့တဲ့ ပြောင်းရွှေ့မှူတစ်ခုလို ဆိုရမှာပါ ၊ ယူနိုက်တတ် အသင်းကို ရောက်ရှိဖို့လည်း အဘက်ဘက်က တိုက်တွန်း ပြောဆိုတာတွေ ခဲ့ပါတယ်။

ရော်နယ်ဒို နဲ့ ယူနိုက်တတ်ရဲ့ ပေါင်းစည်းခန်းဟာ အချစ်ဇာတ်လမ်းလေးထဲက မင်းသားနဲ့ မင်းသမီးလို နောက်ဆုံးအခန်းမှာ ပေါင်းစည်းရတဲ့ဇာတ်လမ်းမျိုး ၊ ကြည့်နေတဲ့ ပရိတ်သတ်တွေ ဝမ်းသာအားရ ဖြစ်နေမှာပေါ့ ဒါကလည်း ခဗျတို့ မြင်ချင်ဆုံး အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ လို့ ပြောဆိုလိုက်ပါတယ်။

တချိန်က ရော်နယ်ဒိုဟာကျွန်တော်ရဲ့ လေ့ကျင့်ရေး ကွင်းထဲ ရောက်ဖူးခဲ့သူပါ ၊ အာဆင်နယ် ဂျာစီ ကိုလည်း ဝတ်ဆင်ခဲ့ပါသေးတယ် ၊ ခေါ်ယူမှာတော့ အာဆင်နယ်အသင်းအနေနဲ့ ပေါင် ၃.၅ သန်းဖြစ်ခဲ့ကာ ယူနိုက်တတ် အသင်းကတော့ ပေါင် ၁၀.၂ သန်းထိ ပေးခဲ့ကာ အပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။

အာဆင်ဝင်းဂါးကတော့ မခေါ်ယူနိုင်ခဲ့တဲ့ တချိန်က အဖြစ်အပျက်တွေကိုလည်း ပြောကြားခဲ့ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber