Sports

ပရီးမီးယားလိဂ်ရဲ့ လူခေါ်ယူမှု အကောင်းဆုံးအသင်းဖြစ်ခဲ့တဲ့ – ယူနိုက်တတ်နဲ့ နောက်ဆုံးရသတင်းများ စုစည်းမှု

ပရီးမီးယားလိဂ်ရဲ့ လူခေါ်ယူမှု အကောင်းဆုံးအသင်းဖြစ်ခဲ့တဲ့ – ယူနိုက်တတ်နဲ့ နောက်ဆုံးရသတင်းများ စုစည်းမှု

ပရီးမီးယားလိဂ် ရဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အကောင်းဆုံး ခေါ်ယူနိုင်ခဲ့တဲ့ အသင်းအဖြစ် ၉၀မိနစ်က သတ်မှတ်ခဲ့ပါတယ်။

၉၀မိနစ်ကတော့ ဆန်ချို ၊ ဗာရန် ၊ ရော်နယ်ဒို တို့ကို ခေါ်ယူနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တတ် အသင်းကို အဆင့် ၁ နေရာမှာ ထားရှိပါတယ်။

တိုက်စစ်မှုး ရော်နယ်ဒို ကတော့ လာမည့် နယူကာဆယ်နဲ့ ပွဲစဥ်မှာ ယူနိုက်တတ် အသင်းအတွက်
ပွဲထွက် ကစားဖို့ နီးစပ်နေကြောင်းသိရပါတယ်။

ယူနိုက်တတ် နည်းပညာဆိုးလ်ရှား ဟာ နွေစျေးကွက်မှာ မရောင်းချရန် ပိတ်ဆိုထားခဲ့တဲ့ ကစားသမား ၅ ဦးအထိရှိကြောင်းနဲ့ တစ်ဦးမှာ ပေါ့ဘာဖြစ်တယ်လို့ သိရပါတယ်။

နောက်လာမည့်အပြောင်းအရွှေ့မှာတော့ ပေါ့ဘာကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူဖို့ ဘာစီလိုနာ နှင့် ရီရဲလ်မက်ဒရစ်အသင်းတို့ကစိတ်ဝင်စားနေကြောင်းသိရပါတယ်။

ယူနိုက်တတ်အသင်းကို ဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒို ပြန်လည် ရောက်ရှိလာခဲ့သလို တချိန်မှာ မက်စီ လည်း အိမ်ပြန်ခရီး လှမယ်လို့ သိရပါတယ်။

ဝက်ဟမ်းအသင်းခေါင်းဆောင် ဒီကန်ရန်ရိုက်ကတော့ ဒီရာသီကုန်ဆုံးတာနဲ့ အသင်းကထွက်ဖို့အတွက် မျှော်မှန်းထားပါတယ်၊ ဒီကန်ရန်ရိုက်ကို ခေါ်ယူဖို့အတွက် ယူနိုက်တတ် အသင်းနဲ့ ချယ်ဆီးအသင်းတို့က ခေါ်ယူဖို့ များပြားနေပါတယ်။

အာဆင်နယ် လူငယ်အသင်းမှ အသက် ၁၅ နှစ်သာရှိသေးတဲ့ နောက်ခံလူ Parkerကို ယူနိုက်တတ် ခေါ်ယူနိုင်ခဲ့ကြောင်း သိရပါတယ် ၊ Parkerကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ယူနိုက်တတ် အသင်းအနေ လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber