Sports

ချန်ပီယံလိဂ်လူစားရင်းနဲ့ Home – Grown Player အဖြစ်ပါဝင်လာမယ့် ယူနိုက်တတ် တိုက်စစ်မှုး….

ချန်ပီယံလိဂ်လူစားရင်းနဲ့ Home – Grown Player အဖြစ်ပါဝင်လာမယ့် ယူနိုက်တတ် တိုက်စစ်မှုး….

မန်ချက်စတာ ယူနိုက်တတ်အသင်း ချန်ပီယံလိဂ်
ယှဥ်ပြိုင်ကစားဖို့ အတွက် ကစားသမား ၂၅ ယောက် လူစားရင်းကို တရားဝင် သတ်မှတ်လိုက်ကြောင်းသိရပါတယ်

မန်ချက်စတာ ယူနိုက်တတ် အသင်းအနေနဲ့ Group (F)မှာ ယှဥ်ပြိုင် ကစားရပါဖြစ်ပါတယ်။

ဂိုး – ဒီဂီယာ ၊ ဟန်ဒါဆင် ၊ တွမ်ဟိတန်

နောက်တန်း – ဒါလော့ ၊ ဘစ်ဆာကာ ၊ လင်ဒီလောဒ့် ၊ ဘိုင်ယီ ၊ ဗာရန် ၊ မက်ဂွိုင်းယား ၊ တဲလက်စ် ၊ လုရှော့

အလယ်တန်း – မာတစ် ၊ တိုမီနှေး ၊ ဖရက်ဒ် ၊ ဗန်ဒီဘီ ၊ မာတာ ၊ လင်ဂတ် ၊ ပေါ့ဘာ ၊ ဖာနန်ဒတ်

ရှေ့တန်း – ဆန်ချို ၊ ဒီယာလို ၊ ရက်ဖို့ဒ် ၊ မာရှယ် ၊ ကာဗာနီ ၊ ရော်နယ်ဒို

ယူနိုက်တတ် အသင်းအနေနဲ့ Home – Grown Player အနေနဲ့ တိုက်စစ်မှူး ဂရင်းဝုဒ် ပါဝင်လာမှာဖြစ်ပါတယ်။ Home – Grown Player ကတော့ ပရီးမီးယားလိဂ် ဘယ်အသင်းမဆို အသက် ၁၆ကနေ ၂၁အထိ လူငယ်လက်ရွေးစင်နဲ့ စီနီယာ အသင်းမှာ အနည်းဆုံး ၃နှစ် ကစားဖူးတဲ့ ကစားသမားများဆိုလိုပါတယ်။

အသင်းတိုင်းအနေနဲ့ ချန်ပီယံလိဂ် လူစာရင်း ၂၅ယောက်မှာ Home – Grown Player အနည်းဆုံး ၈ဦး ထည့်ရတာဖြစ်ကာ အသက် ၂၁နှစ် အောက်ကိုတော့ လူစာရင်း မှာ မထည့်သွင်းဘဲ စိတ်ကြိုက်ခေါ်ကစားရတာဖြစ်ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber