Sports

ရော်နယ်ဒိုထက် ဟယ်ရီကိန်းက ပိုကောင်းကြောင်း သုံးသပ်လိုက်တဲ့….

ရော်နယ်ဒိုထက် ဟယ်ရီကိန်းက ပိုကောင်းကြောင်း သုံးသပ်လိုက်တဲ့….

ယူနိုက်တတ် ဂန္တဝင် တိုက်စစ်မှုး ထာဝရဂိုးသွင်းဘုရင် ရော်နယ်ဒို ဟာ အသင်းဆီ ပြန်လည် ရောက်ရှိခဲ့ကာ ကျောနံပါတ် ၇ ကိုလည်း အမြဲတမ်း ပိုင်ရှင် အဖြစ် ဝတ်ဆင်ခွင့်ရခဲ့ပါတယ်။

ရော်နယ်ဒိုကို ခေါ်ယူမှုဟာ ယူနိုက်တတ် အသင်း မမှန်ကန်ကြောင်း နဲ့ အသင်းအတွက် ဆုဖလားရဖို့လည်း မသေချာဘူးလို့ဆိုလိုက်ကာ အဂ်လန် တိုက်စစ်မှုး နဲ့ နှိုင်းယှဥ်မေးလာတဲ့အပေါ်မှာ ရော်နယ်ဒို ကို ပယ်ချလိုက်တာပဲဖြစ်ပါတယ်။

အက်စတွန်ဗီလာ တိုက်စစ်မှုး အဘွန်လဟော်ကတော့ ​”မန်ချက်စတာ ယူနိုက်တတ် အသင်းအနေနဲ့ ရော်နယ်ဒို ကို ခေါ်ယူမှုဟာ ဆုဖလားအတွက် အာမခံ ချက်မရှိပါဘူး။ခေါ်ယူသင့်တဲ့ တိုက်စစ်မှုးလည်းမဟုတ်ပါဘူးလို့ ပြောဆိုလာပါတယ်။”

ဒီရာသီ နွေအပြောင်းအရွှေ့က ရော်နယ်ဒို နဲ့ လူကာကူ ရောက်ခဲ့တဲ့သတင်းတွေနဲ့ ဟယ်ရီကိန်း ရဲ့စွမ်းဆောင်ရည်တွေမေ့နေကြပါတယ်။

ကိန်းဟာ ပရီးမီးယားလိဂ်ရဲ့ မှတ်တမ်း တွေ သူ့ရဲ့ဖန်းတီးမှုတွေ သွင်းဂိုးတွေက ရော်နယ်ဒိုတို့ ထက်ပိုကောင်းပါတယ်၊၊

ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးဖို့အရေး တိုက်စစ်မှုး တစ်ဦးရွေးချယ်ရမယ်ဆိုရင်တော့ ကျွန်တော် ကတော့ ဟယ်ရီကိန်း ပါပဲလို့ အဘွန်လဟော်က ပြောဆိုခဲ့ပါတယ်။

TalkSprtရဲ့ တင်ဆက်သူ ဂျေမီအိုဟားရားကတော့ ဖလား ဗိုလ်လုပွဲ အတွက် တိုက်စစ်မှုး ရော်နယ်ဒို နဲ့ ကိန်း ဘယ်သူကိုရွှေးမလဲ မေးမြန်းခဲ့ကာ “ကျွန်တော် ကတော့ ကိန်းပါပဲလို့ အဘွန်လဟော်က ဖြေကြားခဲ့ပါတယ်။

ဘာကြောင့် ဟယ်ရီကိန်း ကိုရွေးချယ်ခဲ့တယ်ဆိုတာကို ပြောဆို​သေးပါတယ် ၊ ဟယ်ရီကိန်း ဟာ အဆုံးသတ် စွမ်းဆောင်ရည်က ကျန်တဲ့တိုက်စစ်မှူးတွေ လိုက်မီမှာမဟုတ်ပါဘူး ၊ သူ့ရဲ့ ခြေထဲ ဘောလုံးရောက်တာနဲ့ အသင်းအတွက် အနိုင်ဂိုး တဂိုး ရဖို့က အလားအလာ ကောင်းသွားပါတယ်လို့ အဘွန်လဟော်က ပြောဆိုခဲ့ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber