Sports

သူရဲ့ ယုံကြည်မှု၊ခံယူချက်ကို ဂရုမစိုက်ပဲ ဆုံးဖြတ်ချက် ချခဲ့လို့ မန်ယူအသင်းကို စိတ်ပျက်နေတဲ့ ကာဗာနီ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ အီဒင်ဆန် ကာဗာနီက နိုင်ငံတကာပွဲစဥ်တွေ ကစားနေစဥ် အချိန် ကာလအ တွင်း ဥရုဂွေး လက်ရွေးစင် အသင်းအတွက် ကိုယ်စားပြု ကစားစေခွင့် မပေးခဲ့တဲ့ အသင်းရဲ့ ဆုံးဖြတ်ချက်အပေါ် ဝမ်းနည်းစိတ်ပျက်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

လက်ရှိ အချိန်မှာတော့ နိုင်ငံ့ အသင်းတွေဟာ 2022 ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း ပါဝင်နိုင်ရေး အတွက် ခြေစစ်ပွဲ တွေကို ကစားနေခဲ့ကြရပါတယ် ။ ဒါပေမဲ့ ကိုဗစ် ရောဂါ ပြသနာတွေ ဖြစ်ပွားနေခဲ့တဲ့အတွက် ကစားသမား အချို့ဟာ နိုင်ငံ့ အသင်းအတွက် ပူးပေါင်း ပါဝင်ခွင့် မရရှိခဲ့ကြပါဘူး ။

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း ကစားသမား 50 ကျော် နိုင်ငံ့ အသင်းနဲ့ ပူးပေါင်းခွင့် မရရှိခဲ့ကြ ပါဘူး ။ ကာဗာနီ ကတော့ အဆိုပါ ကစားသမား 50 ကျော်ထဲမှ တစ်ဦး ဖြစ်ခဲ့ရပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ UK အစိုးရမှ ကိုဗစ် အနီရောင်အဆင့်ဖြစ်နေတဲ့ နိုင်ငံတွေဆီ ကစားသမားတွေကို မစေလွှတ်ဖို့ အသင်းတွေကို မှာကြားထားလို့ပါပဲ ။

အဲ့ဒီထဲမှာတော့ အက်စတွန် ဗီလာ အသင်းရဲ့ အာဂျင်တိုင််းသား ကစားသမားနှစ်ဦး ဖြစ်ကြတဲ့ အီမီလီယာနို မာတီနက်ဇ် နဲ့ အီမီလီယာနို ဗြွန်ဒီယာတို့ နှစ်ဦး အပါအဝင် ပရီးမီးယားလိဂ် အချို့သာ အသင်းရဲ့ ညွှန်ကြားချက်တွေကို မလိုက်နာပဲ နိုင်ငံ့ အသင်းတွေနဲ့ ပူးပေါင်း သွားခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အခုတော့ အသက် 34 နှစ် ရှိနေပြီး ရှေ့ဆက် နိုင်ငံ့အသင််းအတွက် ကစားပေးနိုင်ခွင့် အနည်းငယ်သာ ရရှိနိုင်ခြေ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ကာဗာနီက နိုင်ငံ့ အသင်းနဲ့ ပူးပေါင်းခွင့် မပေးခဲ့တဲ့ ယူနိုက်တက် အသင်းရဲ့ ဆုံးဖြတ်ချက်ကြောင့် နာကျင်ခံစားနေရကြောင်း ၊ ဒါပေမဲ့ ညွှန်ကြားချက်ကိုတော့ နာခံရမှာဖြစ််ကြောင်း ဖွင့်ခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့တွေဟာ ပြိုင်ပွဲအချို့ရဲ့ အဖွဲ့အစည်းတွေနဲ့ လိဂ်ရဲ့ ဆုံးဖြတ်ချက်တွေကို ရင်ဆိုင်ကြုံတွေ့ရလေ့ ရှိတတ်ပါတယ် ။ အဲ့ဒီ အဖွဲ့ နှစ်ခုထဲ တစ်ခုရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ နာခံပေးခဲ့ရပါတယ် ။ နိုင်ငံ အသင်းတွေအတွက် ကစားပေးရလို့ ကျွန်တော်တို့ မချမ်းသာသွားကြပါဘူး “

” ကျွန်တော်တို့ ကိုယ်တိုင် လက်ခံထားကြတဲ့ ယုံကြည်ချက်် ၊ ကိုယ့်နိုင်ငံအတွက် ကစားပေးဖို့ စိတ်ဓါတ် ခံယူချက်တွေ ကျွန်တော်တို့ဆီမှာ ရှိနေတတ်ပါတယ် ။ ကျွန်တော်တို့တွေအတွက်တော့ နိုင်ငံ့အသင်းရဲ့ ဂျာစီကို ဂုဏ်ယူစွာ ဝတ်ဆင်ကစားပေးခွင့်ရရှိတယ်ဆိုတာကပဲ ကြီးမားတဲ့ ချမ်းသာမှု ရရှိခြင်း တစ်ခုပါ “

” ကျွန်တော့်ဟာ လက်ရွေးစင် အသင်းနည်းပြနဲ့ ရှင်းရှင််းလင်းလင်း စကား ပြောထားခဲ့ပါတယ် ။ ကျွန်တော် နိုင်ငံ့ အသင်းဆီ သွားရောက်ခြင်းက ကြန့်ကြာမှုတွေ ဖြစ်သွားစေနိုင်ပါတယ် ။ ကျွန်တော်ကတော့ ‘ ဆရာရေ၊ ကျွန််တော်ကတော့ နိုင်ငံ့အသင်းအတွက် သေလောက်အောင် ကစားပေးချင်နေပါပြီ ၊ ဒါပေမဲ့ အင်္ဂလန်မှာ ဒါကိုလုပ်ဖို့အတွက် တကယ့် အခက်အခဲတွေ ရှိနေပါတယ် ‘ လို့ လက်ရွေးစင် နည်းပြ ဖြစ်သူကို ပြောခဲ့ရပါတယ် “

” နိုင်ငံ့ အသင်းဆီ သွားခြင်းက ကျွန်တော့်ကို စည်းချက်တစ်ခု ရရှိစေမှာ မဟုတ်ပါဘူး ။ ဒါက ကျွန်တော့်အတွက် ကလပ် အသင်းမှာ ဖြစ်ဖြစ်် ၊ နိုင်ငံ့ အသင်းမှာပဲ ဖြစ်ဖြစ် စည်းချက် တစ်ခုကို ရရှိစေမှာ မဟုတ်ပါဘူး ။ အခုတော့ ကျွန်တော် ဝမ်းနည်း စိတ်ပျက် နေခဲ့ရပါပြီ ။ ကျွန်တော် တကယ်ပဲ လက်ရွေးစင် အသင်းမှာ ရှိနေချင်ခဲ့တာပါ ” လို့ ကာဗာနီ က သူ့ရဲ့ စိတ်ပျက်မှုကို ပြောပြခဲ့လိုက်ပါတယ် ။

အကယ်လို့ ကာဗာနီသာ နိုင်ငံ့အသင်းဆီကို သွားရောက် ကစားမယ်ဆိုရင် အပြန်မှာ ကွာရန်တင်း 10 ရက်လောက် ဝင်ရမှာ ဖြစ်သလို ကလပ် အသင်းနဲ့ အချိန် တစ်ပါတ်ခန့် လေ့ကျင့်ပြီးမှပဲ ပွဲထွက် ကစားခွင့် ရရှိမှာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် သူ့လို ကစားသမား တစ်ဦးကို အနည်းဆုံး 15 ရက်လောက် ဆုံးရှုံးရခြင်းက ကလပ် အသင်း တစ်သင်း အတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုပါပဲ ။

 

အခြားတစ်ဖက်က ကြည့်ရင်တော့ ကာဗာနီဟာ အသက် 34 နှစ် ရှိနေပါပြီ ။ အကယ်လို့ သူသာ အခုချိန်ထဲက နိုင်ငံ့ အသင်းအတွက် ကစားပေးခွင့်တွေ မရနိုင်ခဲ့ရင် ရှေ့ဆက််ပြီး ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ပါဝင်ခွင့် ရနိုင်မလားဆိုတာ မသေချာလှပါဘူး ။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းမှာလည်း ခရစ္စတီယာနို ရော်နယ်ဒို နဲ့ ဂျေဒန် ဆန်ချို တို့လို တိုက်စစ် ကစားသမားတွေ ရောက်ရှိလာခြင်း ၊ မေဆွန် ဂရင်းဝုဒ် ခြေစွမ်း ပြနေခြင်းတွေ ကလည်း ယူနိုက်တက်မှာ သူ့ရဲ့ပွဲထွက်ကစားခွင့်တွေကို အကန့်အသတ် ဖြစ်သွားစေနိုင်ပါတယ် ။

အကယ်လို့ သူဟာ ကလပ်အတွက် ပွဲထွက် ကစားပေးခွင့် နည်းပါးနေရင် ၊ နိုင်ငံ့ အသင်း ခြေစစ်ပွဲ အောင်မြင်ရေးမှာ မကူညီပေးနိုင်ခဲ့ရင် ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ဥရုဂွေးအတွက်် ပါဝင်ခွင့် ရရှိနိုင်ခြေ နည်းပါး သွားပါလိမ့်မယ် ။ ဒါ့အပြင် ကာဗာနီဟာ အသက် 34 နှစ် ရှိနေပါပြီ ။ ဒါ့ကြောင့် အခုတစ်ကြိမ်က သူ့ရဲ့ နိုင်ငံ့အသင်းအတွက် နောက်ဆုံး ကမ္ဘာ့ ဖလား ပြိုင်ပွဲ ကစားခွင့် ဖြစ်သွားဖို့ ရှိနေပါတယ် ။ ဒါ့ကြောင့်လည်း ကာဗာနီက နိုင်ငံ့အသင်းအတွက် ကစားပေးခွင့် မရခဲ့လို့ အခုလို ဝမ်းနည်း စိတ်ပျက်နေတာပဲဖြစ်ပါတယ်

Crd:Sports_Myanmar