Celebrity

လွတ်မြောက်နယ်မြေရဲ့တစ်နေရာမှာ အမှန်တရားအတွက် ကျရာနေရာကနေ အစွမ်းကုန်ပါဝင်ကာတာဝန်ထမ်းဆောင်နေတဲ့ တေးသံရှင်မူးလာ

ပရိတ်သတ်ကြီးရေ…ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အနုပညာလောကထဲ ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ အဆိုတော်မူးလာကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာ ဖြစ်ပါတယ်..။

အရေးတော်ပုံကြီးစတင်ခဲ့တဲ့ ဖေဖော်ဝါရီလအစပိုင်းကတည်းက လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သလို အခုအချိန်မှာလည်း လက်နက်ကိုင်ရင်း ပြည်သူတွေအတွက် ကြိုးစားနေတာ ဖြစ်ပါတယ်..။

မူးလာကတော့ လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ အချိန်မှာလည်း သီချင်းတွေရေးကာ သူ့ရဲ့အနုပညာအလုပ်တွေနဲ့ ပြည်သူတွေကို စိတ်ခွန်အားပေးတာတွေလည်း လုပ်ဆောင်နေ တာ ဖြစ်ပါတယ်။

ကျရာတာဝန်ကနေ အစွမ်းကုန်ကြိုးပါဝင်နေတဲ့ မူးလာဟာဒီနေ့မှာလည်း ရဲဘော်တွေအတွက် တောထဲအသုံးပြုတဲ့ ပုခက်တွေ လှူဒါန်းခဲ့ပြန်တာ တွေ့ရပါတယ်။ တော်လှန်ရေးအတွက် လိုအပ်သည့်နေရာများကို ကူညီဖို့လှူဒါန်းထားတဲ့ ပြည်သူတွေရဲ့ အလှူငွေများထဲမှ ပုခက်အလုံး(၁၀၀) ကို လှူဒါန်းလိုက်တာ ဖြစ်ပါတယ်။

အလှူအကြောင်းဝေမျှပြောပြရင်း အရေးတော်ပုံကြီး အောင်မြင်ဖို့ အားလုံးအတူ ပါဝင်ရင်း လှူဒါန်းမှုတွေကိုလည်း ဆက်လက်ပြုလုပ်ကြဖို့ မူးလာက တိုက်တွန်းထားပါသေးတယ်..။

ပြည်သူတွေကတော့ ကိုယ်ကျိုးစွန့်ကာ အားလုံးအတွက် အနစ်နာခံကြိုးစားတိုက်ပွဲဝင်ပေးနေကြတဲ့ အနုပညာရှင်တွေနဲ့ တော်လှန်ရေးရဲဘော်တွေအားလုံးအတွက် ဘေးကင်းကြစေဖို့ ဆုတောင်းအားပေးနေကြတာ ဖြစ်ပါတယ်..။

Credit