Local News

အင်တာနက်လိုင်းများ ဖြတ်တော့မည်လား? (ကြိုတင်ပြင်ဆင်ထားကြပါ)

❗Internet ဖြတ်တောက်ခြင်း❗

စက်တင်ဘာ ၆ ရက်နေ့မှ စပြီး ရက်သတ္တပတ် နှစ်ပတ်ကြာ အင်တာနက် ဖြတ်တောက်ထားရန် စစ်ကောင်စီမှ ညွှန်ကြားထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။

ဒါကို အတည်ပြုဖို့ ကြိုးစားရာမှာ ကြိုပြီး ညွှန်ကြားထားတာ မရှိဘဲ အနားကပ်မှသူ ညွှန်ကြားလေ့ရှိကြောင်း ယခုတကြိမ် အင်တာနက်ဖြတ်တောက်ပါက Mobile Payment များ ပြတ်တောက်မှု မရှိအောင် စီစဉ်ထားကြောင့် ကြားသိရသည်။

အခြား သတင်းတခုအရ စက်တင်ဘာ ၈ ရက် သို့မဟုတ် ၉ ရက်တွင် အင်တာနက်ဖြတ်တောက်ရန် ညွှန်ကြားချက်များ ရှိနေကြောင်း ကြားသိရသည်။ အချို့က ၅ ရက် ၆ ရက်နေ့များကတည်းကလဲ စဖြတ်နိုင်သည်ဟု ပြောနေကြသည်လဲဘရှိသည်။

ထိုညွှန်ကြားချက်ကို ISP များထံသို့ ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက စာပို့ထားပြီး ဖြစ်ကြောင်းလဲ သိရပါသည်။

မည်သည့် နေ့ရက်တွင် ဖြတ်တောက်မည်ဟု အတိအကျ မသိရသောလဲ အင်တာနက်ဖြတ်တောက်ရန် အလားအလာအလွန်များသောကြောင့် မိမိတို့ ဆက်သွယ်ရေးအတွက် လုပ်ဆောင်ပြင်ဆင်ရန် ရှိသည်များကို ကြိုတင်ပြင်ဆင်ထားသင့်သည်ဟု ယူဆပါသည်။

CreditWitness Daily