Sports

ယူနိုက်တက်ရဲ့ တိုက်စစ်နေရာမှာ မေ့မထားသင့်ကြောင်း သွင်းဂိုးတွေနဲ့ သက်သေပြနေတဲ့ အီလန်ဂါ

ယူနိုက်တက်ရဲ့ လူငယ်တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ အီလန်ဂါဟာ သူရဲ့ နိုင်ငံအသင်းဖြစ်တဲ့ ဆွီဒင် ယူ21 အသင်းနဲ့အတူ နောက်ဆုံးကစားခဲ့တဲ့ 3 ပွဲမှာ 4 ဂိုးအထိ သွင်းယူပေးထားပါတယ်။

အသက်19နှစ်သာ ရှိသေးတဲ့ အီလန်ဂါဟာ နိုင်ငံအသင်းမှာသာ ခြေစွမ်းပြတာမဟုတ်သေးပါဘူး။ မနှစ်က စီနီယာအသင်းကြီးနဲ့အတူ သွင်းဂိုး တစ်ဂိုး ရယူပေးထားခဲ့ပါတယ်။

ထို့အပြင် ယခုရာသီ မစခင်က ယူနိုက်တက်နှင့်အတူ ခြေစမ်းပွဲတွေမှာ ပါ၀င်ခွင့်ရထားတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့အပြင် သွင်းဂိုးပါရယူပေးထားတဲ့ ကစားသမားကောင်း တစ်ဦးပါ။

ယူနိုက်တက်နှင့်အတူ ကြီးပြင်းခဲ့တဲ့ ငယ်မွေးခြံပေါက် ကစားသမား တစ်ဦး ဖြစ်တဲ့အတွက် ယူနိုက်တက်ရဲ့ အသက်အရွယ် အပိုင်းအခြားအလိုက် အသင်းတွေစီမှာ ခြေစွမ်းပြထားတဲ့ ကစားသမားတစ်ဦးပါ။

ယူနိုက်တက် U23အသင်းနဲ့ အတူလည်း ပြီးခဲ့တဲ့ ရာသီမှာ 16ပွဲ ကစားကား သွင်းဂိုး 9ဂိုးအထိ ရယူပေးခဲ့ပြီး ဂိုးဖန်တီးတွေပါ ပြုလုပ်ပေးနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ အတွက် အားလုံး စိတ်၀င်စားမှု အားပေးမှုတွေကို ရယူခဲ့ပါတယ်။

ယခုအချိန်မှာ ယူနိုက်တက်ကစားသမားတွေကို လမ်းမှန်ရောက်အောင် အားလုံးရဲ့ စံပြကစားသမားကြီး တစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုရောက်နေတဲ့အတွက် ဒီလို လူငယ်ကစားသမားတွေ ‌ပညာတွေရမယ်လို့ မျှော်လင့်ရမှာပါ။

ရက်ဖိုဒ့် ၊ ဂရင်းဝုဒ်တို့ အလွန် ယူနိုက်တက်ရဲ့ အနာဂတ်မှာ ဦးဆောင်နိုင်မယ့် သွင်းဂိုးတွေ ရယူပေးမယ့် ကစားသမားတစ်ဦးလို့ ပြောရင် မှားမယ်မထင်ပါဘူး။

TSSoe