Sports

ရော်နယ်ဒိုနဲ့ မနှိုင်းယှဥ်ဖို့ ဖွင့်ဟပြောဆိုလာတဲ့ – လူကာကူ

ရော်နယ်ဒိုနဲ့ မနှိုင်းယှဥ်ဖို့ ဖွင့်ဟပြောဆိုလာတဲ့ – လူကာကူ

မန်ချက်စတာယူနိုက်တတ် ဂန္တဝင် တိုက်စစ်မှုး ဟောင်း ရော်နယ်ဒို အနေနဲ့ အီတလီကလပ် ဂျုဗင် အသင်းကနေ ယူနိုက်တတ်အသင်းဆီ ပြန်လည်ခြေချခဲ့သလို ၊ ချဲလ်ဆီး တိုက်စစ်မှုး လူကာကူ ကလည်း အင်မီလန်အသင်းကနေ ချဲလ်ဆီးအသင်းထံ ပြန်လည်ရောက်ရှိလာပါတယ်။

လူကာကူ အနေနဲ့ “ရော်နယ်ဒို ဟာ ဘောလုံးသမိုင်းလမ်းကြောင်း မြက်ခင်းပေါ်မှာ အကောင်းဆုံး ကစားသမားပါ ၊ အကောင်းဆုံးဆိုတဲ့ စားရင်းမှာ ထိပ်တန်း ရောက်ရှိတဲ့ အဆင့်မြင့် တစ် နှစ် သုံး တွေ ဖြစ်ပါတယ်၊ အကောင်းဆုံး ပိုင်ရှင် တစ်ကဘယ်သူလဲ ၊ နှစ်ကဘယ်သူလဲ ဆိုတာ ကျွန်တော် ကို မမေးပါနဲ့ သူ့တို့ဟာ ထိပ်တန်း အဆင့်မှာ ရပ်တည်နေတဲ့ ကစားသမားတွေအဖြစ် ရှိနေတာဖြစ်ပါတယ်။

ကျွန်တော် ပြောချင်တာ က အဲ့လို ထိပ်တန်း အဆင့်မှာ ရပ်တည်နေတဲ့ အမြင့်ဆင့်ကစားသမားတွေနဲ့ မနှိုင်းယှဥ်ဖို့ ပြောချင်ပါတယ်။

ရော်နယ်ဒိုဟာ ဘောလုံးလောကရဲ့ နောက်မျိုးဆက်တွေ အတုယူ စံထားရမယ့် ကစားသမားမျိုးပါ ကျွန်တော် အီတလီကလပ်ရောက်တုန်းကလည်း ရော်နယ်ဒိုနဲ့ တစ်သင်းဆီ ယှဥ်ပြိုင်ကစားခွင့်ရတာ ကျွန်တော် အတွက် ကံကောင်းတာပါပဲ ခုလည်း အဂ်လန်မှာ ပြန်ဆုံရပြီ ၊ အဂ်လန် ပရီးမီးယားလိဂ် ဘောလုံးကအတွက် ဒါက တောက်ပမှုတစ်ခုဖြစ်ပါတယ်။

အဓိကတော့ ရော်နယ်ဒို နဲ့ ကျွန်တော် ကို မနှိုင်းယှဥ်ဖို့ ပါပဲ ။

Photo Credit To Owner
Internet Source
SportsGaber