Sports

ထိုင်းကလပ် ဘူရီယမ်အသင်းမှာ အခြေနေဆိုးနဲ့ ရုန်းကန်နေရတဲ့ တိုက်စစ်မှုး အောင်သူ

မနေ့က ထိုင်ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘူရီယမ်အသင်းနဲ့ ဆူဖန်ဘူရီအသင်းတို့ သရေကျတဲ့ ပွဲစဉ်မှာ ပရိတ်သတ်တွေ မျှော်လင့်ခဲ့တဲ့ ဘူရီယမ် တိုက်စစ်မှူး အောင်သူ တစ်ယောက် ပွဲထွက်ခွင့်မရရှိခဲ့ပါဘူး။

မြန်မာ့တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ အောင်သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ၀က်လောက်မှာ ဒေါ်လာ ငါးသောင်းနဲ့ ဘူရီယမ်အသင်းကိုရောက်ရှိခဲ့တာဘဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဘူရီယမ်အတွက် 7ပွဲ ကစား 2ဂိုး သွင်းယူပေးခဲ့ပါတယ်။

ယခုရာသီအစမှာတော့ ပွဲထွက်ခွင့်တွေနဲ့အတူ ဘူရီယမ်အသင်းမှာ မြင်ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဒီကစားသမားကို ဘူရီယမ်က လိုချင်လို့ဘဲ ခေါ်ခဲ့တာ ဘာလို့မသုံးတာလဲ စဉ်းစားချင်စရာပါ။

ပရိတ်သတ်တွေ မျှော်လင့်သလို ပွဲထွက်ခွင့်မရပေမယ့် လူစား၀င်ကစားသမားအဖြစ် မြင်တွေ့နိုင်မလားဆိုပြီး စောင့်ကြည့်ခဲ့ပေမယ့် သတ်မှတ်ထားတဲ့ ကစားသမား ငါးယောက်ထိ လူစားလဲခဲ့ပေမယ့် အောင်သူပါ၀င်လာခြင်းမရှိခဲ့ပါဘူး။

ဘူရီယမ်နည်းပြ ဂန်မာ အနေနဲ့ တိုက်စစ်မှာ ဂိုးတွေဖြုန်းနေတဲ့ ဘရာဇီးသားတွေထက်ဆာရင် အောင်သူက ဂိုးပို သေချာတယ်လို့ ပြောလို့ရပါတယ်။ မြန်မာအချင်းချင်းပိုပြောတာ မဟုတ်ပေမယ့် ထိုပွဲစဉ်ကို ကြည့်တဲ့သူ ဆိုရင် ပိုသိမှာပါ။

မြန်မာ့ ဘောလုံးအဆင့်အတန်းကအခြေ‌အနေအရပ်ရပ်ကြောင့် အဖက်ဖက်နိမ့်ကျခဲ့ပြီး ယခုလည်း တိုးတက်မယ် ကြံခါမှ ခေတ်နောက်ပြန် ဆွဲခံရတယ်လို့ဘဲ ပြောရမှာပါ။

အောင်သူလို ကစားသမားမျိုးဟာ ဂျပန်လိဂ်၊ ကိုးရီယားလိဂ်လောက်ထိ ထိုးဖောက်နိုင်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယခုအချိန်မှာ ထိုင်းလိဂ်မှာတောင် အရံအဖြစ် မြင်ရတာ ရင်နာရတယ်လို့ ပြောရမှာပါ။

သူနဲ့ ခေတ်ပြိုင် အရှေ့တောင်အာရှမှာ နာမည်ကြီးခဲ့တဲ့ ထိုင်းကစားသမား ချာနာသစ်တောင် ဂျပန်လိဂ်မှာ နာမည်ကြီး ကစားသမားဖြစ်နေပါတယ်။ ဒါတွေက မြန်မာပရိတ်သတ်တွေအတွက် ရင်နာစရာလို့တောင် ပြောလို့ရမှာပါ။

အောင်သူတစ်ယောက်က ထိုင်းလိဂ်မှာ သူ‌ခြေစွမ်း ဘယ်လောက်ထက်ကြောင်း သူအငှားသွားခဲ့တဲ့ အသင်းတွေမှာ သက်သေပြပြီးပါပြီ။ အကောင်းဘက်က တွေးပေးရရင်တော့ ဘူရီယမ်နည်းပြက နောက်ပွဲတွေမှာ ပွဲထွက်ခွင့် ပေးလောက်ပါတယ်လို့ဘဲ တွေးရမှာပါ။

TSSoe