International News

ဂဏန်းဝင်စားတယ်ဆိုပီး ပတ်ဝန်းကျင်၏ကဲ့ရဲ့ခြင်းကို ခံနေရသောကြောင့် အားငယ်နေသောမိန်းခလေး

ဖိလစ်ပိုင်နိုင်ငံ Pangasinanပြည်နယ်ရှိ ကျေးလက်ဒေသတွင် နေထိုင်သော Jessicaအမည်ရှိ အသက် ၂၀ကျော် မိန်းကလေးတစ်ဦးသည် ပုံမှန်မဟုတ်သည့် လက်မောင်းနှင့် လက်ချောင်းတို့ကြောင့် စိတ်အားငယ်ပြီး လူကြားထဲမတိုးရဲပဲ ဖြစ်နေခဲ့သည်။

မိန်းကလေးသည် မွေးရာပါချို့ယွင်းချက်နှင့် ကြီးမားသည့်လက်များကို ပိုင်ဆိုင်ထားကာ အများမှ ဂဏာန်းဝင်စားသည်ဟု ဆိုကြပြီး တစ်နေ့ထက်တစ်နေ့ ပိုပြီးကြီးထွားလာသော်လည်း မိသားစုမှာ စားဝတ်နေရေးအခက်အခဲများကြောင့် ဆေးလည်းမကုသပေးနိုင်ခဲ့ပါ။

မိန်းကလေးသည် ယခုလိုအခြေအနေကြောင့် အခြားသူများဧ။် ကဲ့ရဲ့လှောင်ပြောင်ခြင်းတွေကို မခံစားနိုင်ပဲ စိတ်အားငယ်နေခဲ့ချိန် သူငယ်ချင်းများမှ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းစေချင်ပြီး ကိုယ့်ရဲ့ဖြစ်တည်မှုကို မရှက်ကြောက်ရန် ပြောဆိုခဲ့သည်။

Hlaing (Love Feeling)

Unicode




Hlaing (Love Feeling)

Credit