Sports

ပရီးမီးယားလိဂ်ဖလား ရယူဖို့အတွက် အဓိက ပြိုင်ဘက်ကို သတ်မှတ်လိုက်တဲ့ – ယူနိုက်တတ်နဲ့သတင်းများစုစည်းမှု

ပရီးမီးယားလိဂ်ဖလား ရယူဖို့အတွက် အဓိက ပြိုင်ဘက်ကို သတ်မှတ်လိုက်တဲ့ – ယူနိုက်တတ်

ရော်နယ်ဒို ခြေရာနင်းဖို့ ကြိုးစားလေ့လာနေတဲ့ –
အီလန်ဂါနဲ့ယူနိုက်တတ်သတင်းများစုစည်းမှု

ယူနိုက်တက်တိုက်စစ်မှူးစီရော်နယ်ဒိုဟာ ဒီနှစ်ရာသီမှ ယူနိုက်တက်အသင်းအတွက် ကစားပေးမှာဖြစ်ပေမဲ့လည်း လက်ရှိယူနိုက်တက်ကစားသမားတွေထဲမှာ ၁၁၈ဂိုးနဲ့ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။

ယူကရိန်နဲ့ပွဲမှာ အပိုင်အခွင့်အရေးလွဲချော်ခဲ့တဲ့ တိုက်စစ်မှူး မာစီယဲလ်ကတော့ ပြိုင်ဘက်ဂိုးသမားကို ကျော်ဖြတ်သွင်းယူဖို့ကြိုးစားခဲ့ပေမဲ့လည်း ကံမကောင်းလို့ သွင်းဂိုးမရခဲ့တာလို့ ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်လူငယ်ကစားသမားလေး အီလန်ဂါကတော့ လေ့ကျင့်ရေးကွင်းမှာ ရော်နယ်ဒိုလေ့ကျင့်ပုံတွေနဲ့ လေ့ကျင်ရေးပြီးမှာ ရော်နယ်ဒိုလုပ်လေ့ရှိတဲ့အရာတွေကို အနီးကပ်လေ့လာသွားမှာဖြစ်တဲ့အကြောင်း ပြောဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာသွင်းဂိုး ၆၆ဂိုးထဲရှိလာခဲ့တဲ့ လူကာကူကတော့ သူ့ကိုရော်နယ်ဒိုနဲ့ မနှိုင်းယှဥ်ကြဖို့နဲ့ ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းတစ်လျောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်နည်းပြအိုလီဂန်နာဆိုးလ်ရှားဟာ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့အတွက် အဓိကပြိုင်ဘက်အဖြစ် မန်စီးတီး၊လီဗာပူးလ်အသင်းတို့ထပ် ချဲလ်ဆီးအသင်းကို သတ်မှတ်ထားကြောင်း သတင်းတွေက ဆိုပါတယ်။

Photo Credit To Owner
Internet Source
SportsGaber